တမူးမြို့ကနေ ကလေးမြို့ဘက်ကိုပြန်လှည့်လာတဲ့ စစ်ကောင်စီကား ၃ စီးကို လင်းဖိုင်ကျေးရွာနှင့် ဝိတုတ်ကျေးရွာကြားမှာ PDF တပ်ရင်း( ၃ ) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား (၃) စီးထိမှန်၍ စစ်ကောင်စီတပ်များ ၂၀ ကျော်သေဆုံးနိုင်တယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။
ကလေးမြို့ကနေ တမူးမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဇွန် ၂၆ ရက်တွင် တမူးကနေ ကလေးမြို့ဘက်ပြန်လှည့်ရာ အဲ့ဒီည တမူးမြို့နယ် Khawhmunnuam ကျေးရွာတွင် ညအိပ်ကြပါတယ်။ ရွာထဲက လူနေအိမ်ထဲ မွှေနှောက်ရှာဖွေပြီး ရွာထဲက ကြက်၊ ဝက်တွေကို သတ်ဖြတ်ကာစားသောက်ကြပါတယ်။
ဇွန် ၂၇ ရက် မနက်ပိုင်းတွင် Khawhmunnuam ကျေးရွာနဲ့ ရန်လင်းဖိုင်ကျေးရွာထဲမှာ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကို ရမ်းသမ်းပစ်ခတ်ကြလို့ ခွန်မွန်နွန်ကျေးရွာသားတစ်ဦးနှင့် ရန်လင်းဖိုင်ကျေးရွာသား တစ်ဦကျည်ထိမှန် ဒါဏ်ရာရရှိကြပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲ သေနတ်ရမ်းသမ်းပစ်ခတ်ပြီးနောက် ရန်လင်းဖိုင်ကနေ ဝိတုတ်ရွာဘက်ထွက်လာစဉ် PDF တပ်ရင်း( ၃ ) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Zalen

No comments:
Post a Comment