လက်ပံတောင်းတောင်ဒေသ ဆည်တဲရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာသား ၄၀ ကျော်အား ဓားစာခံပြုလုပ်ကာ ရွာအတွင်းမှ ပြန်ဆုတ်ခွာ


မုံရွာ၊ ဇွန်လ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသရှိ ဆည်တဲရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မနေ့က ည ၁၀ နာရီကျော်တွင် ရွာသား ၄၀ ကျော်အား ဓားစာခံပြုလုပ်ကာ ရွာအတွင်းမှ ပြန်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်များမှာ ​လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာများတွင် ဇွန်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များ၌ ဒေသခံရွာသားများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မီးတင်ရှို့ခြင်းများ လုပ်ဆောင်ပြီး ၎င်းတို့ တပ်စွဲထားရာ ဆည်တဲရွာအတွင်းမှ ရွာသား ၄၀ ကျော်အား ဓားစာခံပြုလုပ်ကာ ရွာအတွင်းမှ ပြန်လည်ဆုတ်ခွာသွားလို့ ဒေသခံအချို့က ဆိုပါတယ်။

" စစ်ကောင်စီ ၁၀၀ ကျော်လောက်ရှိတယ်ဗျ။ ရွာထဲကို မနက်အစောကြီးမှာ ပစ်ခတ်ပြီးဝင်လာတာ။ ရွာထဲက မပြေးနိုင်တဲ့ ကလေး၊ လူကြီးအကုန်လုံးကို ရွာထဲမှာရှိတဲ့ဘုန်းကြီးကျောင်းမှ ဖမ်းဆီးထားတာလေ။ ကိုဓါတ်ကြီး၊ ကိုမဲ၊ ကိုဒိန်းဒေါင်၊ ကိုဖိုးစီ၊ ကိုသန်းရွှေ၊ ကိုဇော်နိုင်၊ ကိုဇော်မင်းကြည်၊ ကိုထွန်းထွန်း၊ ကိုတင်ထွန်း၊ ကိုဝင်းမြတ်သူ၊ ကိုပိန်၊ကိုငြိမ်းကို၊ ကိုပေါ၊ ကိုဝင်းဆွေ၊ ကိုဖိုးတုတ်၊ ကိုဇော်လင်းဦး၊ ကိုဌေးလင်း၊ ကိုမောင်ငယ်၊ ကိုဘထိုက်၊ ကိုငမိုး၊ ကိုငဘို၊ ကိုတင်လင်း၊ ကိုဇော်မျိုးသန့်၊ ကိုခင်မောင်ဌေး၊ ကိုငိန်းဦး၊ ကိုနက်တူး၊ ကိုနိုင်ဝင်း၊ ကိုသက်ဆွေဦး၊ ကိုတရုတ်ကြီး၊ ကိုသိုက်မောင်၊ ကိုခင်မောင်သန်း၊ ကိုမျိုးမင်းလှိုင်၊ ကိုအောင်နိုင်ဝင်းတို့ အပါအဝင် ၄၀ လောက် အဖမ်းခံရပြီး ဓားစာခံအနေနဲ့ ဝမ်ပေါင်ဆိုက်ထဲကို ခေါ်သွားတယ်။ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ် "လို့ ဓားစာခံအဖြစ်ဖမ်းဆီးခံရသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဆည်တဲရွာတွင် စစ်ကောင်စီတပ်များတပ်စွဲနေထိုင်ခဲ့စဥ် ရွာရှိ ဆိတ်၊ ဝက်၊ ကြက်များအား သတ်ဖြတ်စားသောက်သွားပြီး ဒေသခံရွာသားများလည်း ကြောက်လန့်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

" ရွာထဲမှာတော့ ပြန်လွတ်လာပေမဲ့ မနေရဲ ကြတော့ဘူးလေ။ ရွာထဲမှာ ဒေသခံတွေ မွေးထားတဲ့ ဆိတ်၊ဝက်၊ ကြက်တွေက တော့ သတ်ဖြတ်ချက်စားသွားကြတယ်။ ခုလည်း ဒီကောင်တွေအခြားရွာတွေကိုလည်းဝင်ရောက်နိုင်တယ်" လို့ ဒေသခံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် PDF များ လက်ပံတောင်းတောင်ဒေသမှာ တိုက်ပွဲများဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီး ယနေ့မနက် ၂ နာရီခန့်ကလည်း PDF များပစ်ခတ်သည့် လက်နက်ကြီး ဝမ်ပေါင်ကုမ္မဏီ ကြေးနီစီမံကိန်းဝင်းအတွင်းရှိ ဓာတ်ခွဲခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ဆက်သွယ်ပြောဆိုချက်တွေအရ သိရပါတယ်။


Ayeyarwaddy Times

လက်ပံတောင်းတောင်ဒေသ ဆည်တဲရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာသား ၄၀ ကျော်အား ဓားစာခံပြုလုပ်ကာ ရွာအတွင်းမှ ပြန်ဆုတ်ခွာ လက်ပံတောင်းတောင်ဒေသ ဆည်တဲရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာသား ၄၀ ကျော်အား ဓားစာခံပြုလုပ်ကာ ရွာအတွင်းမှ ပြန်ဆုတ်ခွာ Reviewed by THITHTOOLWIN on 23:53 Rating: 5

No comments:

Powered by Blogger.