တောင်သာနယ်ဘက်က စစ်ကောင်စီခန့် အုပ်ကြီး ခေါင်းသေနတ် ၃ ချက်ပစ်ခံရပြီး သေဆုံး


တောင်သာ၊ ဇွန် ၂၉၊ ၂၀၂၂။

တောင်သာမြို့နယ်၊ တံတားကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပျူမောင်နိုင်သည် ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ရမ်းကားပြီး ရပ်ရွာလူထူအပေါ် ခြိမ်းခြောက်ခြင်းမှုများ အကြိမ်ကြိမ်ပြုလုပ်နေသောကြောင့် PDF ၅ ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။‌

ယနေ့ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တံတားကျေးရွာရှိ ၎င်း၏နေအိမ်မှာပင် ပစ်ခတ်ခဲ့တာဖြစ်ပြီး အသင့်ရှိနေတဲ့ သေနတ်နဲ့ပြန်လည် ပစ်ခတ်ခုခံခဲ့သေးကြောင်း TTA ပြောက်ကျားတပ်တာဝန်ခံက မြေလတ်အသံကို ပြောသည်။

"ဒီလူကို အရင်တခါသွားပစ်ခတ်ဖူးတယ်။ လွတ်သွားလို့နောက်တခါထပ်ရှင်းတာ၊ စစ်‌ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဟုတ်သလို ပျူလည်းဟုတ်တယ်။ အဲဒီအုပ်စုမှာတော့တအားဆိုးတဲ့လူပေါ့၊ သူ့ကြောင့်အဖမ်းခံရတာတွေလည်းရှိတယ်။ သူ့ကြောင့်ပြေးနေရတဲ့လူတွေလည်းရှိတယ်။ ပြီးတော့ဒီကောင်က ရွာထဲမှာသေနတ်ပစ်ဖောက်တာတွေလုပ်ပြီး ရပ်ရွာကိုလည်းရမ်းကားတယ်။ အဲဒါကိုပြည်သူလူထုတွေဆီကသတင်းပြန်ရတယ်။ ကျနော်တို့စုံစမ်းကြည့်တော့လည်းသေချာတာနဲ့ အခွင့်ကြုံတာနဲ့ရှင်းပစ်ခဲ့တာ" ဟု တာဝန်ခံက ဆက်ပြောသည်။

အုပ်ချုပ်‌ရေးမှူးဆီမှ လက်လုပ် ပွိုင့် 22 သေနတ် ၁ လက်နဲ့ ဗုံးသီးအစစ် ၁ လုံး၊ လေးခွများသိမ်းဆည်းရမိပြီး ယင်းနယ်ဘက်တွင် စစ်ကောင်စီက ဒလန်၊ အုပ်မှူး၊ ပျူများကို လက်နက်များပေးထားကာ လူထုအနေနဲ့လည်း ပူးပေါင်းမှု အားနည်းနေတယ်လို့ ဆိုသည်။

"အခုဆိုရင်နောက်ပိုင်းမှာ လှုပ်ရှားရတာလည်းမလွယ်ဘူး၊ ကျနော်တို့ဆိုရင် အခုရက်ပိုင်းမှာ mission တွေဆောင်ရွက်တယ်။ ပြည်သူလူထုနဲ့မလွတ်လပ်လို့ ဆိုပြီးလွှတ်ပေးလိုက်ရတာတွေများတယ်။ နေ့ရှိသရွေ့လည်း ကျနော်တို့မှာခံနေရတယ်။ ကား ၁ စီးကို မိုင်းဆွဲမယ်ဆိုရင် ပြည်သူလူထုက အဲဒီစစ်ခွေးကားတွေမှန် သိရက်ကြီးနဲ့ကို ကပ်လိုက်တယ်။ ကျနော်တို့ကလုပ်လိုက်ရင် အမှားဖြစ်အုံးမယ်။ သတင်းအချက်အလက်အပိုင်းမှာ ပြည်သူတွေကအားနည်းတယ်။ ပြည်သူတွေအနေနဲ့ ကျနော်တို့နဲ့ပူးပေါင်းပါဝင်စေချင်တယ်" ဟု TTA ပြောက်ကျားတပ်တာဝန်ခံကပြောသည်။

အဆိုပါလှုပ်ရှားမှုကို TTA-ပြောက်ကျားတပ်(တောင်သာ)၊ မြေလတ်(PDF)၊ Seven People Defense Force၊ Natogyi Regional Defence Force27 Revolution Forces (မြင်းခြံ) တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


မြေလတ်အသံ - Myaelatt Athan 

တောင်သာနယ်ဘက်က စစ်ကောင်စီခန့် အုပ်ကြီး ခေါင်းသေနတ် ၃ ချက်ပစ်ခံရပြီး သေဆုံး တောင်သာနယ်ဘက်က စစ်ကောင်စီခန့် အုပ်ကြီး ခေါင်းသေနတ် ၃ ချက်ပစ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.