မြန်အောင်မှာ စစ်အုပ်စုလက်အောက်ခံရဲတပ်သား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာစိုးရိမ်ရ


ဇွန်လ ၂၉ ရက်

ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ အမှတ် ၂ ရပ်ကွက်အတွင်း ဇွန်လ ၂၉ ရက်ဒီကနေ့မနက်ပိုင်း ၉ နာရီ ဝန်းကျင်ကစစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်ခံရတဲ့ရဲတပ်ဖွဲ့ဝင်ဟာ ကနောင်နယ်မြေရဲ စခန်းမှ ရဲတပ်သား ဇော်ဇော်ထက် ဆိုသူဖြစ်ပြီး ကနောင်မြို့အလယ်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရတာ ဖြစ်ပြီး သူပစ်ခံရပြီးတဲ့နောက်သေနတ်သံတချို့ထွက်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။

'' မနက်က အမှတ် ၂ ထဲ ရဲတယောက် ပစ်ခံရတာ။ သူပစ်ခံရပြီးတေ့ာ အပြန်အလှန်ပစ်တဲ့အသံတချို့လည်းကြားရတယ်။ အဲ့ဒီရဲက ကနောင်စခန်းကဘဲ။ ဒဏ်ရာကစိုးရိမ်ရတယ် အသဲကိုရှပ်ထိတယ်လို့သိရတယ်။ မြန်အောင်ဆေး ရုံကို လူနာတင်ကားနဲ့ခေါ်သွားတယ်'' လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီလုပ်ဆောင်မှုကို နဂါးနီးတော်လှန်ရေးတပ်ဖွဲ့(မြန်အောင်မြို့နယ်)က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လမ်းပေါ်မှာသွားလာနေတဲ့ရဲ ၁ ဦးကိုတွေ့ရှိလို့ပစ်ခတ်ခဲ့ကာ ဒဏ်ရာနဲ့ထွက်ပြေးစဥ် အခြားရဲများသိရှိသွားလို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပေမယ့် တော် လှန်ရေးအဖွဲ့ဝင်တွေ တစုံတရာထိခိုက်မှုမရှိဘူးလို့ထုတ်ပြန်ထားပါတယ်။

အဲ့ဒီရဲတပ်ဖွဲ့ဝင် ပစ်ခတ်ခံရပြီးတဲ့နောက်မှာ မြန်အောင်နဲ့ ကနောင် မြို့ပေါ်မှာ အခြေအနေတွေရှုပ်ထွေးပြီး ရုတ် ရုတ်သဲသဲတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။


Ayeyarwaddy Times 

မြန်အောင်မှာ စစ်အုပ်စုလက်အောက်ခံရဲတပ်သား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာစိုးရိမ်ရ မြန်အောင်မှာ စစ်အုပ်စုလက်အောက်ခံရဲတပ်သား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာစိုးရိမ်ရ Reviewed by THITHTOOLWIN on 23:29 Rating: 5

No comments:

Powered by Blogger.