မန္တလေး၊ ဇွန် ၂၅
စစ်ကောင်စီကတပ်စွဲထားသည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ (၄၂)လမ်းနှင့် (၆၅) လမ်းအနီးရှိ မဟာအောင်မြေ မြို့နယ်ထွေအုပ် ရုံးကို မြို့ပြပြောက်ကျား ရဲ ဘော်များပူးပေါင်းကာ နှစ်ညဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kings Cobra Guerilla Force -MDY က သတင်းထုတ်ပြန်သည်။
အဆိုပါထွေအုပ်ရုံးကို ပြီးခဲ့သည့်ဇွန်(၂၃) ရက် ည(၁၁)နာရီကျော်က သေနတ်ဖြင့်နှစ် ချက်ပစ်ခတ်ခဲ့ပြီး ယမန်နေ့ဇွန်လ၂၄ရက်
ည(၈)နာရီကျော်တွင်လည်းသေနတ် ၆ ချက် အထိ ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကထိခိုက်မှုအခြေအနေကို မသိရသေးပေ။
ရပ်ကွက်နေပြည်သူများ၏ပြောပြချက်အရ ဇွန်လ၂၄ရက်နေ့ ညပိုင်းက ပစ်ခတ်သံများဆက်တိုက်ကြားနေရပြီး စစ်ကောင်စီက လမ်းများပိတ်ဆို့ကာစစ်ဆေးခဲ့ကြောင်းသိရသည်။
"ည၈နာရီကျော်လောက်အထိ ဆက်တိုက် ပစ်နေတာ။ ဆဲဆိုသံတွေလည်းကြားရတယ်" ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ကက ပြန်လည်ပစ်ခတ်ခဲ့သော်လည်း လေ့ကျင့်ပေးထားသည့် ကာကွယ်ရေးတပ်သားများဖြစ် သောကြောင့် အထိအခိုက်မရှိပြန်လည်ဆုတ်ခွါလာနိုင်ကြောင်း Kings Cobra Guerilla Force -MDYအဖွဲ့မှ သိရသည်။
အဆိုပါပစ်ခတ်မှုများကို Kings Cobra Guerilla Force -MDY ၊ Mother Son Mandalay Force နှင့် Myanmar Revolution Rangers Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Lu Nge Khit

No comments:
Post a Comment