မြင်းမူမှာ အုပ်ချုပ်ချုပ်ရေးမှူးဟောင်းနဲ့ မိန်းမဖြစ်သူ ကြံ့ခိုင်ရေးဥက္ကဌတို့ သေနတ်နဲ့ ပစ်သတ်ခံရ


မြင်းမူ၊ ဇွန် ၂၈၊ ၂၀၂၂။

မြင်းမူမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးအဟောင်းနဲ့ သူရဲ့မိန်းမ ရပ်ကျေးကြံ့ခိုင်ရေးပါတီ ဥက္ကဌတို့ကို ဇွန်လ ၂၇ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ People's Army to Fight Dictatorship PAFD တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကံဖျားကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ခိုင် (၄၃) နှစ်နဲ့  ရပ်ကျေး ကြံ့ခိုင်ရေးပါတီဥက္ကဌ ​ဒေါ်အေးမာကြူ (၄၀) နှစ်တို့ကို အဲဒီရွာမှာပဲ ပစ်သတ်ခဲ့တာလို့ သိရပါတယ်။ 

"တယောက်ကို ၂ ချက်စီပစ်ပြီးရှင်းခဲ့ပါတယ်။ အဲဒီရွာရဲ့နေရာတနေရာမှာပဲရှင်းခဲ့တာ၊ မနက် ၄ နာရီမထိုးခင်မှာပစ်ရှင်းခဲ့တာ၊ သူတို့လင်မယား ၂ ယောက်က ဗိုလ်သင်တန်းတက်ဖို့တွေ လိုက်ပြီးတော့ဆော်ဩတယ်။ စစ်ကြောင်းတွေ မထိုးထိုးအောင်ခေါ်တယ်။ ကျနော်တို့မှာ သက်သေခံပစ္စည်းတွေလည်းအများကြီး ရရှိထားတယ်။ သူတို့ကတော့ မသိချင်ဟန်ဆောင်ပြီးတော့ နေကြတယ်။ စစ်ကောင်စီရဲ့ဒေါက်တိုင်တွေကို ဖြိုတဲ့သဘောပါ။ အမျိုးသားကတော့ အုပ်ချုပ်ရေးမှူးအဟောင်းပါ၊ ကြံ့ခိုင်လက်ထက်ကတက်တဲ့ ဥက္ကဌအဟောင်းပေါ့၊ မိန်းမကတော့ကြံ့ခိုင်ရေးဥက္ကဌပါ"လို့ PAFD တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း မြင်းမူမြို့နယ်၊ ကံဖျားရွာနဲ့ ဂုံညှင်းဆိပ်ကျေးရွာတို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကို သေနတ်နဲ့ပစ်သတ်သွားပြီး ဓါးစာခံ ၁၁ ဦးကိုလည်းဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။


မြေလတ်အသံ - Myaelatt Athan 

မြင်းမူမှာ အုပ်ချုပ်ချုပ်ရေးမှူးဟောင်းနဲ့ မိန်းမဖြစ်သူ ကြံ့ခိုင်ရေးဥက္ကဌတို့ သေနတ်နဲ့ ပစ်သတ်ခံရ မြင်းမူမှာ အုပ်ချုပ်ချုပ်ရေးမှူးဟောင်းနဲ့ မိန်းမဖြစ်သူ ကြံ့ခိုင်ရေးဥက္ကဌတို့ သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.