"အရာတော်မြို့အနောက်ဘက် ကမ္ဘောဇအထွက်တွင် မြို့ပေါ်မှ ဒလန်ဟု နာမည်ကြီးသူ ကျော်ဇေယျ ရှင်းလင်းခံရ၍ စစ်ကောင်စီတပ်ဖွဲ့များ အလောင်းလာကောက်"
![]() |
ဓာတ်ပုံ - ယခင်က အရာတော်မြို့အနောက်ထွက်တွင် စစ်ဆေးနေသော စစ်တပ်နှင့် ရဲများ (အရာတော်မြို့ Page) |
ဇွန် ၂၈ | အရာတော်
ယနေ့ ဇွန် ၂၈ ရက်၊ ညနေ ၅ နာရီခန့်က အရာတော်မြို့အနောက်ဘက်၊ အရာတော်-မုံရွာလမ်းပေါ်၊ ကမ္ဘောဇအထွက်ကွေ့နားတွင် မြို့ပေါ်မှ ဒလန်သတင်းပေးဟု နာမည်ကြီးသည့် ကျော်ဇေယျ ဆိုသူ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
မကြာမီတွင် စစ်ကောင်စီတပ်ဖွဲ့တချို့ ရောက်ရှိလာပြီး အလောင်းသယ်သွားကာ အနီးအနားကို ရှာဖွေစစ်မေးနေခဲ့သေးသည်။
အဆိုပါ ကျော်ဇေယျသည် အရာတော်စည်ပင်ဈေးရှေ့မှ စက်ဘီး/ဆိုင်ကယ် Stand တွင် အလုပ်လုပ်ခဲ့သူဖြစ်ပြီး လူသိရှင်ကြား စစ်တပ်လိုလားသူတစ်ဦးဖြစ်သည်ဟု မြို့ခံပြည်သူတစ်ဦးက ပြောသည်။
အရာတော်မြို့ခံတစ်ဦးအား ယခုသတင်းနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ "အဲ့ဒီ ကျော်ဇေယျက အာဏာသိမ်းတဲ့နေ့က ပျော်လို့ဆိုပြီး သီချင်းဖွင့်ပြီးတောင် ကနေသေးတယ်။ တပ်ထောက်ခံသူစစ်စစ်ပါ။ မြို့ပေါ်မှာ တော်လှန်ရေးလှုပ်ရှားမှုတွေ မရှိတော့တဲ့ထိ ဒလန်တွေ တန်ခိုးထွားနေလို့ အခုလိုကြားရတာလည်း ကောင်းပါတယ်။" ဟု မှတ်ချက်ပေးထားသည်။
မည်သည့်ဒေသခံအဖွဲ့ကမှ ကျော်ဇေယျအား သတ်ဖြတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်ကို မတွေ့ရသေးပါ။
အရာတော်ပို့စ် - Ayadaw Post

No comments:
Post a Comment