မုံရွာမှ ထွက်ခွါလာသည့် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦးသေ


မုံရွာ၊ ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ ထွက်ခွာလာသည့် တကားနှစ်စီးကို ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက ချောင်းဦးမြို့နယ် ဂွေးပင်တောကျေးရွာ အနီးတွင် မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) စစ်ကိုင်းခရိုင် တပ်ရင်း (၅)က ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံမှသိရသည်။

“ဖြစ်စဥ်ကတော့ မနေ့ကဖြစ်တာ၊ သတင်း အတည် မဖြစ်သေးလို့ ဒီနေ့မှထုတ်ပြန်တာပါ။  မနေ့က ညနေ ၅နာရီ ဝန်းကျင်မှာ စခ အယောက် ၅၀ ကျော် သယ်လာတဲ့ ကား ၂ စီးကို ပဒေသာ မိုင်းဆွဲခဲ့တာပါ ။ ပထမ ကား တစ်စီးကိုပဲ ကျနော်တို့ ပစ်မှတ်ထားပြီး ခွဲခဲ့တာပါ ။ သေဆုံးတာက ၇ ယောက်ထက် ပိုမယ်။ “ဟု  MRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား (၇)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ စစ်ကား ၁ စီး ပျက်စီးသွားကြောင်း အဆိုပါ တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ဇွန်လ ၂၇ရက်နေ့ ပြင်ဦးလွင်-မန္တလေး အဝေးပြေးလမ်းမကြီးမှ မန္တလေးဘက်သို့ ဦးတည် မောင်းနှင်လာသည့်ကား ၈ စီးပါ စစ်ကောင်စီ ယာဥ်တန်းကို မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) စစ်ကိုင်းခရိုင် တပ်ရင်း (၅)နှင့် Dragon Ranger Mandalay -DRM တို့ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ တစ်ဦး အပါအဝင် တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA)က သတင်းထုတ်ပြန်ထားသည်။


Lu Nge Khit

မုံရွာမှ ထွက်ခွါလာသည့် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦးသေ မုံရွာမှ ထွက်ခွါလာသည့် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦးသေ Reviewed by THITHTOOLWIN on 23:14 Rating: 5

No comments:

Powered by Blogger.