နန်းမားရဲစခန်း ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ


မိုးညှင်း - မေ ၃၁၊၂၀၂၂။

နန်းမားရဲစခန်းကို ယနေ့ည ၈ နာရီခန့်က ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်(KPDF) တပ်ဖွဲ့ ဝင်များ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နန်းမားမြို့ ရန်အောင်ရပ်ကွက်ရှိ ရဲစခန်းဝင်အတွင်းသို့ M79 ဗုံးပစ်လောင်ချာဖြင့် လေးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နန်းမားဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့  (KPDF) မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“လေးလုံးပစ်ခဲ့တာ အထဲထိ အတိအကျရောက်တယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘူးပေါ့” ဟု ပြောသည်။

ရဲစခန်းအနီးမှ ပစ်ခတ်သံများ ကြားနေရပြီး ထိခိုက်သူရှိ၊ မရှိ မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရဲစခန်းဘက်ကလို့ ပြောတယ် အသံကအဲ့ဘက်ကပဲ။ ဒီတိုင်းရမ်းပစ်တာပဲတော့ မဟုတ်လောက်ဘူး။ တစ်ခုခု အကြောင်းရှိလို့နေမယ်။ ခုတစ်ရွာလုံးမီးတွေမှိတ်ထားကြတယ် ကြောက်လို့” ဟုပြောသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာရှိ လျှပ်စစ်ဓာတ်အားပေးရုံးတွင်လည်း လွန်ခဲ့သည့် ဖေဖော်ဝါရီ  ၁၅ ရက်နေ့က  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။


The 74 Media 

နန်းမားရဲစခန်း ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ နန်းမားရဲစခန်း ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 02:16 Rating: 5

No comments:

Powered by Blogger.