ဇွန် - ၃၀
မန္တလေးတိုင်း မြင်းခြံမြို့နယ် ကတောကျေးရွာက အုပ်ကြီးဟောင်း ပျူစောထီးခေါင်းဆောင်ဆိုသူ ဇော်မိုးကို ဒီနေ့ ဇွန်လ (၃၀)ရက် မနက်ပိုင်းက သုတ်သင်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ်က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် (၈)နာရီခန့်မှာ ကတောရွာ ပုဗ္ဗာရုံကျောင်းအနီးက လက်ဖက်ရည်ဆိုင်မှာ သေနတ်နဲ့ တစ်ချက်တည်း ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး အလောင်းကို မြင်းခြံမြို့ပေါ် သယ်ယူသွားတယ်လို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်က အုပ်ချုပ်ရေးမှူးအဖြစ်လည်း လုပ်ကိုင်ခဲ့တဲ့ ဇော်မိုးဟာ အခုကာလမှာ စစ်အုပ်စုကို ခေါ်ပြီး ရွာက စာသင်ကျောင်းမှာ တပ်စွဲခိုင်းတဲ့အပြင် သူတို့နဲ့ ပေါင်းပြီး လျှပ်စစ်မီတာကြေးတွေ လိုက်လံကောက်ခံတာ၊ ပြည်သူတွေကို ဖိအားပေးခြိမ်းခြောက်တာ စတဲ့ လုပ်ရပ်တွေကြောင့် သုတ်သင်ခဲ့တာဖြစ်တယ်လို့ နောင်ရိုးတပ်ဖွဲ့က ပြောပါတယ်။
မြင်းခြံခရိုင်အတွင်းက စစ်အုပ်စုလက်အောက်ခံ ပျူသတင်းပေးတွေကို ထိရောက်စွာ ဆုံးမသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သူတို့နဲ့ အနီးကပ်နေထိုင်တာတွေ မလုပ်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
Mandalay Free Press - MFP

No comments:
Post a Comment