စက်သေနတ်ချိန်ပြီးထွက်လာသည့် စစ်ကား(၂)စီးကို ကင်းပုန်းများကြားမှ မိုင်း(၈)လုံးဖြင့် တိုက်ခိုက်နိုင်ခဲ့၊ (၂) ဦးလွင့်စင်ပြီး (၃) ဦးထက်မနည်းသေနိုင်ဟုဆို


မြင်းမူ၊ ဇွန် (၁၆)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အခြေစိုက် အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်မှ စက်သေနတ်များချိန်ကာ ထွက်လာသည့် ကား(၂) စီးကို ယနေ့ နံနက် (၁၁) နာရီက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား (၃) ဦးထက်မနည်းသေဆုံးခဲ့းသည်ဟု စစ်ဆင်ရေးကိုဖော်ဆောင်ခဲ့ သည့် M.N.R.F က သိရသည်။

စစ်ကား (၂) စီးကို မြင်းမူမြို့နယ်၊ နဘဲကြူးဇရပ်နှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် နေရာတွင် အကြမ်းဖက်စစ်ကောင်စီက ကင်းပုန်းများချထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ပွိုင့်နေရာက ကင်းပုန်းနဲ့ဆို ပေ (၈၀) လောက်ပဲဝေးတာ။ ကျွန်တော်တို့က သူတို့ကင်းပုန်းတွေကိုမြင်နေရတော့ သူတို့မမြင်အောင် ပွိုင့်နေရာအထိ ခိုကပ်ပြီးသွားရတယ်။ သူတို့မှာက လက်နက်အပြည့်အစုံတွေနဲ့။ ကျွန်တော်တို့မှာသာလက်နက်ရှိရင်တော့ သူတို့ကို ရှင်းလို့ရတာပေါ့ဗျာ”ဟု Moe Nyo Revolution Force (M.N.R.F) အဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

ကင်းပုန်းများချ၍ လုံခြုံရေးအပြည့်အဝယူထားသည့်ကြားက မိုင်း (၈) လုံး ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကိုထိထိမိမိမှန်ခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် နောက်မှလိုက်ပါလာသည့် စစ်ကောင်စီတပ်သား (၂) ဦး လွင့်စင်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း ၎င်းကဆိုသည်။

"ဒီစစ်ဆင်ရေးနဲ့ပတ်သက်လို့ကတော့ အရမ်းကျေနပ်တယ်။ ကျွန်တော်တို့ကစွန့်စားရတာကိုကြိုက်တယ်။ နောက်ပြီး ပစ်မှတ်ကို ထိထိမိမိပဲ။ ထိချက်ကောင်းတယ်ဗျ။ ကားကတော့ရှေ့နည်းနည်းသွားပြီး ထိုးရပ်သွားတာ။ ပြီးတော့ကွဲတဲ့နေရာလာပြီး ဟိုပစ်ဒီပစ်လုပ်ပြီးပြန်သွားကြတယ်"ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ထိုစစ်ဆင်ရေးကို Moe Nyo Revolution Force M.N.R.F အပါအဝင်၊ PENTAGRAM ငါးထောင့်ကြယ်၊ PEOPLE REVOLUTION FORCE (P.R.F) နှင့် People's Guerillas Commando – Myinmu ညီနောင်လေးဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Lu Nge Khit

စက်သေနတ်ချိန်ပြီးထွက်လာသည့် စစ်ကား(၂)စီးကို ကင်းပုန်းများကြားမှ မိုင်း(၈)လုံးဖြင့် တိုက်ခိုက်နိုင်ခဲ့၊ (၂) ဦးလွင့်စင်ပြီး (၃) ဦးထက်မနည်းသေနိုင်ဟုဆို စက်သေနတ်ချိန်ပြီးထွက်လာသည့် စစ်ကား(၂)စီးကို ကင်းပုန်းများကြားမှ မိုင်း(၈)လုံးဖြင့် တိုက်ခိုက်နိုင်ခဲ့၊ (၂) ဦးလွင့်စင်ပြီး (၃) ဦးထက်မနည်းသေနိုင်ဟုဆို Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.