ဥက္ကံမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူတဦး သေနတ်နဲ့ ပစ်သတ်ခံရ



ဥက္ကံ၊ ဇွန်၂၃၊ ၂၀၂၂။

ရန်ကုန်တိုင်း၊ ဥက္ကံမြို့နယ်အတွင်းက ပျူစောထီးခေါင်းဆောင်လည်း ဖြစ်သူ ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူတဦး မနေ့က နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခံရသူဟာ ကင်းမတီးရွာက အောင်မိုးဆိုသူဖြစ်ကာ ဇွန်လ၂၂ရက် မနေ့က နေ့လယ် ၃နာရီဝန်းကျင်မှာ ဆိုင်ကယ်နဲ့ အပြင်ထွက်အလာကို စောင့်ကြည့်ပြီး သေနတ်နဲ့ ၆ချက်ပစ်ပြီး ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဥက္ကံ PDF တပ်စိပ်မှူး ကိုပိုင်က ပြောပါတယ်။

" ဒီကောင့်မှာ အပြင်သွားရင် အမြဲတမ်း အတိုတလက်ပါတယ် ရင်ဘက်ထဲမှာ၊ မောင်းနေရင်းနဲ့ပဲ ကျနော်တို့သူကို သေနတ်နဲ့ပဲ ရှင်းလိုက်တာ၊ ၅ချက်မြောက်မှာ မသေလို့ ၆ချက်မြောက်မှာ အသေရှင်းပစ်ခဲ့တာ" လို့ ကိုပိုင်က ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဒလံ အောင်မိုး ဆိုသူဟာ သူ့မှာပါတဲ့ သေနတ်နဲ့ ပြန်ပစ်ဖို့ ကြိုးစားခဲ့သေးပြီး ၅ချက်မြောက်မှာ ခြေထောက်ကို လှမ်းဆွဲလို့ နထင်ကို ပစ်ခဲ့လိုက်တာလို့ ဆိုပါတယ်။

သေဆုံးသူ အောင်မိုးဟာ ဝါးကုန်သည်တဦးဖြစ်ကာ ဝါးခုတ်သူတွေကို လူယုံအဖြစ်မွေးပြီးတောထဲက အကြောင်းတွေကို သတင်းပေးခိုင်းပြီး စစ်ကောင်စီကို ပြန်တင်ပြတာမျိုးတွေ လုပ်ခဲ့တဲ့ အပြင် ရန်ကုန်မြို့ပေါ်က လာပြီးတိမ်းရှောင်တဲ့ လူငယ်တွေကိုလည်း သတင်းပေးဖမ်းဆီးခိုင်းတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဥက္ကံ PDF အနေနဲ့ ဥက္ကံမြို့နယ် ပြည်သူလူထုက တိုင်ကြားထားတဲ့ စစ်ကောင်စီသတင်းပေးဒလံတွေကို ဆက်ပြီးရှင်းလင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ဥက္ကံမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူတဦး သေနတ်နဲ့ ပစ်သတ်ခံရ ဥက္ကံမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူတဦး သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 00:29 Rating: 5

No comments:

Powered by Blogger.