မုံရွာ၊ မေ၁၇၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီနေ့မနက်ပိုင်း ၁၀နာရီဝန်းကျင်မှာ ပြည်သူတွေကို မြို့ပေါ်ကို မသွားလာကြဖို့ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ UG ၈ဖွဲ့က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဓိက တိုက်ခိုက်ခဲ့တဲ့ နေရာတွေက မုံရွာမြို့ပေါ်မှာ ပြည်သူတွေကို မတရား သဖြင့် စစ်ဆေးမှုတွေလုပ်ပြီးပိုက်ဆံတောင်းနေတဲ့ နေရာတွေကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Unity Force Monywa ဗိုလ်အောက်ဆွဲက ပြောပါတယ်။
" ကျနော်တို့တိုက်ခိုက်ခဲ့တာကတော့ စစ်ကောင်စီအဖွဲ့စစ်ဆေးရေးတွေလုပ်ပြီး ပိုက်ဆံတောင်းနေတဲ့ သာစည်လမ်း၊စည်ပင်ရုံးရှေ့၊ ရန်ကင်း၊ အက်တော၊ ဂေါက်ကွင်းရှေ့အက်တာကြာကန်၊ အိမ်ဖြူတော်ရှေ့တွေမှာ လက်ပစ်မိုင်းနဲ့တိုက်ခိုက်ခဲ့တာ၊ တချို့နေရာတွေမှာဆို ပြည်သူ တွေကို မတရားသဖြင့်ဖမ်းဆီတာတွေလုပ်တယ်လို့ ဗိုလ်အောက်ဆွဲကပြောပါတယ်။
Unity Force Monywa၊ Monywa Night King၊ K.K.Fighter Group၊ Brother Defence Force BDF၊ Black Tiger Monywa PDF၊ ဒဿ Monywa PDF ပျောက်ကြားတပ်ဖွဲ့၊ Monywa Generation Tigers၊ Monywa Ninja Team နဲ့ ဗိုလ်ပေါက်ကျိုင်းအဖွဲ့ စတဲ့ UG ၈ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုဒဏ်ရာ ရရှိမှုကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment