ထား၀ယ်-ထီးခီးလမ်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် RPGနဲ့အပစ်ခံရလို့ အရာရှိတဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံး

ဓာတ်ပုံ-ထားဝယ်-ထီးခီးလမ်းပိုင်းတစ်နေရာ

မေလ ၁၈ ရက်

တနင်္သာရီတိုင်း၊ထား၀ယ်ခရိုင်၊ထား၀ယ်မြို့နယ်၊အရှေ့တောဒေသ၊ထား၀ယ်-ထီးခီးလမ်းပိုင်း(ဘဲ့မဲ့တတ်တောင်) တစ်နေရာတွင် မေလ ၁၅ ရက်နေ့ နေ့လည်ပိုင်းက စစ်ကြောင်းထ်ိုးလာသည့် စစ်တပ် RPG နဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီး အရာရှိတဦးအပါအဝင် (၂၀) ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံများထံက သိရသည်။

"ထား၀ယ်ခြေစိုက် (ခမရ)တပ်ရင်းတစ်ခုပါ။ လုံခြုံရေးအတွက် တပ်ရင်းအမည်မဖော်ပြပါတော့ဘူး။ သေဆုံးတဲ့အထဲမှာ အရာရှိတဦးအပါအဝင် စစ်တပ်ဘက်က (၂၀) ကျော်လောက်သေတယ်။ ဒီကောင်တွေဘက်က ဒဏ်ရာရတဲ့သူလဲများပြားပါတယ်" ဟု ထားဝယ်-ပ.က.ဖ မှ တာဝန်ရှိသူတဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

စစ်ကောင်းစီစစ်ကြောင်းသည် အင်းအား ၂၂၀ ဝန်းကျင်နှင့်ချီတက်လာတာဖြစ်ပြီး (ထားဝယ် ပ.က.ဖ) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းပေါက်ကွဲမှုမရှိခဲ့သည့်အတွက် အသင့်ပြင်ဆင်ထားသည့် လက်လုပ်RPGနဲ့ပစ်ခတ်ခဲ့လို့ စစ်တပ်ဘက်ကသေဆုံးမှုများခဲ့တယ်လို့ (ထားဝယ် ပ.က.ဖ) တပ်ဖွဲ့ဝင်များက ဆိုသည်။

"ကျွန်တော်တို့မှာ ဘာမှမပြည့်စုံသေးပါဘူး။ ခေတ်မှီလက်နက် မောင်းပြန်၀ယ်ယူဖို့ ပိုက်ဆံစုနေဆဲပါ။ လောလောဆယ် အဓိကအားထားတာကတော့ လက်လုပ်မိုင်းနဲ့ လက်လုပ်လက်နက်ကြီးတွေပဲအားကိုးနေရတယ်။ ပြည်သူတွေအနေနဲ့လဲ တတ်နိုင်သလောက်လေး လှူပေးကြပါအုံးလို့ အကူညီတောင်ချင်ပါတယ်" ဟု ၎င်းကဆက်လက်ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိတဦးအပါအဝင် စစ်ကောင်စီတပ် ၂၀ ကျော်ဝန်းကျင်သေဆုံးခဲ့သော်လည်း ထား၀ယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု(ထားဝယ်-ပ.က.ဖ)မှ ထိခိုက် ကျဆုံးမှု မရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း ထားဝယ်ခြေစိုက် KNU-KNDOတပ်မဟာ-၄နဲ့ PDF ပူးပေါင်းအဖွဲ့များ ထားဝယ်-ထီးခီးလမ်း လုံခြုံရေးအရ စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ္စည်းများ သယ်ယူမှုရှိမရှိစစ်ဆေးမှုတွေပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။


Ayeyarwaddy Times 

ထား၀ယ်-ထီးခီးလမ်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် RPGနဲ့အပစ်ခံရလို့ အရာရှိတဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံး ထား၀ယ်-ထီးခီးလမ်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် RPGနဲ့အပစ်ခံရလို့ အရာရှိတဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.