မေလ၂၆ ရက်
တနင်္သာရီတိုင်း၊ပုလောမြို့နယ် ဝက်တိုးကျေးရွာအနီး ဒီကနေ့နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် (၂၈၅)နှင့် ပုလောပြည်သူ့ကာကွယ်ရေ တပ်မတော်(PPDF)၊ မဟာမိတ်တပ်ပေါင်းစုတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုလောPDF ထံကသိရသည်။
"တိုက်ပွဲကြာချိန်က ၅ နာရီ ဝန်းကျင်လောက်ရှ်ိတယ်။ နေ့လည် ၂ နာရီအထိ သူတို့ပစ်တယ်စစ်ကောင်စီဘက်ကတော့ ၁ ဦးသေပီး ၄ ဦးဒဏ်ရာရတယ်လို့လဲသိရတယ်။ သူတို့ဘက်ကအဆက်မပြတ်လက်နက်ကြီးလက်နက်ငယ်နဲ့ရမ်းသမ်းပစ်ခတ်ပေမယ့် ကျွန်တော်တို့ဘက်က ဘာမှထိခိုက်ဒဏ်ရာမရရှိပါဘူး" လို ပုလောPDF က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ ဘက်နှင့် PPDFတို့ လက်နက်ကြီး လက်နက်ငယ်ဖြင့် အဆက်မပြတ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း PPDF ဘက်မှ ထိခိုက်ဒဏ်ရာမရရှိဘူး လို့ ပြောသည်။
တနင်္သာရီတိုင်း၊ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ PPDF တို့ အကြား မေလ၁၃ ရက်နေ့ကလည်း တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဝန်းကျင်သေဆုံးခဲ့ကြောင့် ပုလော PDF ကပြောသည်။
Ayeyarwaddy Times

No comments:
Post a Comment