မန္တလေးတိုင်း PDF ရဲ့ ပထမဆုံး စစ်ရေးဖြစ်စဉ် မှာ စစ်ကောင်စီ အကြမ်းဖက်သမား ခုနှစ်ဦးသေ ၊အများအပြား ဒဏ်ရာရပြီး ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံး


မေ၂၁ ၊၂၀၂၂

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းက မန္တလေးတိုင်း PDF တပ်ဖွဲ့ လုံခြုံရေး ယူထားတဲ့ နယ်မြေအတွင်း အကြမ်းဖက် စစ်အုပ်စု အင်အား (၃၅၀)လောက်နဲ့ ထိုးစစ်ဆင်လာတာကြောင့် မနေ့က မေ(၂၀)ရက်မှာ တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး စကစ ခုနှစ်ဦးသေပြီး များစွာ ဒဏ်ရာရရိှခဲ့သလို ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး  Mandalay PDF က သတင်းထုတ်ပြန်ပါတယ် ။ 

အဲ့ဒီ တိုက်ပွဲဖြစ်စဉ်တွေမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် မန္တလေး ရဲ့ ရဲဘော် အာကာစိုး (ခ) မိစိုး (ကိုယ်ပိုင်အမှတ် P1-1201-006) ဟာ စစ်မြေပြင်မှာ အာဇာနည် သူရဲကောင်း ပီသစွာ အသက်ပေးသွားခဲ့ရပါတယ် ။

ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် ဦးလည်မသုန် ဆက်လက်တိုက်ပွဲ ဝင်မည်ဖြစ်ပြီး အများပြည်သူ အနေနဲ့လည်း နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ကျရာတာဝန် နိုင်ရာကဏ္ဍကနေ ပါဝင်ပေးကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေးက တိုက်တွန်းထားပါတယ်။


Salween Press

မန္တလေးတိုင်း PDF ရဲ့ ပထမဆုံး စစ်ရေးဖြစ်စဉ် မှာ စစ်ကောင်စီ အကြမ်းဖက်သမား ခုနှစ်ဦးသေ ၊အများအပြား ဒဏ်ရာရပြီး ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံး မန္တလေးတိုင်း PDF ရဲ့ ပထမဆုံး စစ်ရေးဖြစ်စဉ် မှာ စစ်ကောင်စီ အကြမ်းဖက်သမား ခုနှစ်ဦးသေ ၊အများအပြား ဒဏ်ရာရပြီး ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံး Reviewed by THITHTOOLWIN on 05:43 Rating: 5

No comments:

Powered by Blogger.