တိုက်ပွဲပြင်းထန်နေသည့် မြောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးကျော်သေ၊ PDF တစ်ဦး ကျဆုံး


မြောင် - မေ ၁၄၊ ၂၀၂၂။

စစ်ကောင်စီတပ်နှင့် မြောင်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား နှစ်ရက်ခန့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှေကုတ်ကျေးရွာကို မီးရှို့ခဲ့ပြီးနောက် ထွက်လာသည်ကို အသင့်စောင့်ဆိုင်းနေသော ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သည်ဟု CDSOM က တာဝန်ရှိသူတစ်ဦးက The 74 Mediaကို ပြောသည်။

“ကျွန်တော်တို့က တစ်ဘက်ရွာကနေ သူတို့(စစ်ကောင်စီ)ကို စောင့်တာ။ သူတို့လည်း ကင်းပုန်းတယ်ပေါ့နော်။ ကျွန်တော်တို့ကလည်းရှေ့ဆက်တက်ရင်းနဲ့ အပြန်အလှန်ပစ်ကြရင်းနဲ့။ ကိုယ့်လူဘက်က တစ်ယောက်ထိသွားတာပဲ” ဟုပြောသည်။

ကျဆုံးသွားသော တပ်ဖွဲ့ဝင်သည် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ရေလယ်ကျွန်းမှ ဘီလုံးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီမှ ပစ်ခတ်သော  G3 ကျည် ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသူကဆက်ပြောသည်။

ရေစကြိုနယ် ရေလယ်ကျွန်းရှိ ကျေးရွာ ၁၀ ရွာခန့်ကို လိုက်လံ မီးရှို့နေသည့် စစ်ကောင်စီတပ်များသည် မေလ ၁၂ ရက်နေ့က ဘိစပ်ကုန်းကျေးရွာကို မီးရှို့ပြီး အခြားရွာကိုကူးနေစဉ် မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ -CDSOM နှင့်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဆုံးခဲ့ကြောင်းသိရသည်။

တိုက်ခိုက်ခံရသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လှေကုတ်ကျေးရွာသို ပြန်လည်တပ်ဆုပ်သွားကြောင်းသိရသည်။

မြောင်မြို့နယ်သို့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မေလ ၂ရက်နေ့ကမြောင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃၅ ဦးခန့်သေဆုံးခဲ့သည်။


The 74 Media 

တိုက်ပွဲပြင်းထန်နေသည့် မြောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးကျော်သေ၊ PDF တစ်ဦး ကျဆုံး တိုက်ပွဲပြင်းထန်နေသည့် မြောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးကျော်သေ၊ PDF တစ်ဦး ကျဆုံး Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.