ကလေးမြို့က ၃ရက်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PDFဖက်က ၂ဦးကျဆုံးပြီး စစ်ကောင်စီဖက်က ၁၄ဦးထက်မနည်း သေဆုံးခဲ့


ကလေး၊ မေလ ၁၀၊ ၂၀၂၂။

ကလေးမြို့နယ်တောင်ပိုင်း၌ ၃ရက်တာဖြစ်ပွားခဲ့သည့် ရေရှင်ရွာခုံခံတိုက်ပွဲ အတွင်း စစ်ကောင်စီဖက်မှ ‌၁၄ ဦးထက် မနည်းသေဆုံးခဲ့ပြီး PDF (Kalay)ဖက်မှ ၂ဦး ကျဆုံးခဲ့သည်ဟု People's Defence Force(Kalay)က ပြောသည်။

မေလ ၉ရက်နေ့၌ ခုံခံတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဖက်မှ ဆုတ်သွားခဲ့သဖြင့် မိမိတို့ရဲဘော် ၂ဦးမှာ လက်နက်ကောက်ယူရန် သွားစဉ် ၎င်းတို့ ဖက်မှပြန်ခံပစ်ခတ်ခဲ့ခြင်းကြောင့် ကျဆုံးသွားခဲ့ ရသည်ဟု People's Defence Force(Kalay)မှ ရဲဘော်တစ်ဦးက ပြောသည်။

"တိုက်ပွဲဖြစ်နေတဲ့အတွင်းမှာပေါ့ ခွေးတွေက ဆုတ်သွားလို့ ကျွန်ဝောာ်တို့လူတွေက လက်နက် ကောက်ဖို့သွားတဲ့အခါ ဟိုဖက်ကပြန်ပစ်လိုက်တာ။ ဟိုဖက်ကတော့ အကျများတယ်ဗျ။ ဒါပေမဲ့ ဒီနေ့တခေါက်တော့ လက်နက်ရအောင်လုပ်ပေမဲ့ ကျွန်တော်တို့လူတွေကျသွားတဲ့အခါ ကျတော့ လက်နက်မယူနိုင်ခဲ့ဘူး။ "ဟု ပြောသည်။

ပြီးခဲ့သည့် မေ ၈ရက်တွင် အင်အား ၂၀၀‌ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ များနှင့် ပျူစောထီးတို့သည် ရေရှင်ကျေးရွာသို့ဦးတည်၍ အင်းကျွန်းရွာမှစစ်ကြောင်းတစ်ကြောင်း၊ ကြံသာရွာမှတစ်ကြောင်း စစ်ကြောင်း ၂ကြောင်းမှာ ထိုးစစ်ဆင်လာခဲ့သဖြင့် PDF(Kalay)၊ CDF (KKG)၊ ပ.က.ဖပူးပေါင်းတပ်ဖွဲ့များက ခုံခံတိုက် ခိုက်ရာ စစ်ကောင်စီဖက်မှ အနည်း ဆုံး ၁၀ဦးခဲ့သေဆုံးနိုင်ကြောင်း ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

အလားတူ ယနေ့ မေလ ၁၀ရက်တွင်လည်း စစ်ကောင်စီဖက်မှ လက်နက်ကြီးများအသုံးပြု၍ ထိုးစစ် ဆင်လာခဲ့ရာ PDF(Kalay)နှင့် ပူးပေါင်း အဖွဲ့များမှာ ထိရောက်စွာဆက်လက်ခုံခံရန် လက်နက်ခဲယမ်း မလုံလောက်တော့သဖြင့် နံနက် ၉နာရီခန့်တွင် ရေရှင်ရွာမှဆုတ်ခွာခဲ့ရသည်။

ယခုလို ပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီများနှင့် ပျူစောထီးများမှာ ရေရှင်ရွာ သို့ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်စီး‌လျှက် ရှိသည်ဟု သိရသည်။


မြေလတ်အသံ - Myaelatt Athan 

ကလေးမြို့က ၃ရက်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PDFဖက်က ၂ဦးကျဆုံးပြီး စစ်ကောင်စီဖက်က ၁၄ဦးထက်မနည်း သေဆုံးခဲ့ ကလေးမြို့က ၃ရက်တာဖြစ်ပွားခဲ့တဲ့  တိုက်ပွဲမှာ  PDFဖက်က ၂ဦးကျဆုံးပြီး စစ်ကောင်စီဖက်က ၁၄ဦးထက်မနည်း သေဆုံးခဲ့ Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.