ရေစကြိုမြို့အဝင်တွင် PDF ကမိုင်းခွဲတိုက်ခိုက်မှူကြောင့် စကစတပ်သား (၈) ဦး အော်ချိန်တောင်မရလိုက်ဘဲ ပွဲချင်းပြီးသေဆုံး
မေ ၁၄
မကွေးတိုင်း၊ ရေစကြိုမြို့အဝင်ရှိ ဆက်သွယ်ရေးရုံးနဲ့စိုက်ပျိုးရေးရုံးကြားတွင် ပြည်သူလူထုအား ဒုက္ခပေးရန် ကြံစည်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ယနေ့ နံနက် ၇ နာရီအချိန်ခန့်က Yesagyo PDF မှ မိုင်း (၃) လုံးခွဲပြီး အပြစ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကြောင့် " ပြည်သူလူထုနဲ့မပူးပေါင်းပဲ မိုက်တွင်းနက်နေသော စခ၊ ရခ (၈)ကောင် အော်ချိန်တောင်မရလိုက်ပဲ လူနာတင်ကားပေါ်မှာ မလှုပ်မယှက်နဲ့လိုက်ပါရင်း ငရဲပြည်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါပြီ " ဟု Yesagyo PDF ကထုတ်ပြန်သည်။
ဆက်လက်ပြီး ရေစကြိုမြို့နယ်အတွင်း၌ ပြည်သူလူထုနှင့်မပူးပေါင်းပဲ ပြည်သူလူထုကို ဒုက္ခပေးနေသော စကစတပ်များအား Yesagyo PDF မှ တာဝန်သိစွာဖြင့် အရေးယူတိုက်ခိုက်ပြီး ငရဲပြည်သို့ အရောက်ပို့ပေးနေဦးမည်ဖြစ်သည်ဟု သတိပေးထုတ်ပြန်သည်။
ထို့ပြင်မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီနှင့် အနီးကပ်နေထိုင်သွားလာလှုပ်ရှားခြင်းများ လုံးဝမပြုလုပ်ကြပါရန် Yesagyo PDF ကသတိပေးမေတ္တာရပ်ခံထားသည်။
PDF Newsflash

No comments:
Post a Comment