ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် ဆန်တက်လာသော စကစသင်္ဘောအား မဟာမိတ် PDF များမှ ပူးပေါင်းတိုက်ခိုက်ရာ စကစတပ်သား (၃) ဦးပွဲချင်းပြီးသေဆုံး (ရုပ်သံ)
မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် ဆန်တက်လာသော စစ်ကောင်စီသင်္ဘောတစ်စင်းအား မေလ ၇ ရက်နေ့ နံနက် ၉ နာရီခန့်က မဟာမိတ် PDF များမှပူးပေါင်းတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၃) ဦးသေဆုံးခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်တကွ MSPDF ကထုတ်ပြန်သည်။
အဆိုပါ စစ်ဆင်ရေးအား ညီနောင်မဟာမိတ်များဖြစ်ကြသော စစ်ကိုင်းခရိုင် တပ်ရင်း ၄- MSPDF၊ Natogyi Regional Defence Force - NRDF၊ မြင်းခြံခရိုင်တပ်ရင်း၁ (27 Revolution Force-မြင်းခြံ) နှင့် မြင်းခြံခရိုင်တပ်ရင်း၃ (မြေလတ် - pdf mgn district) တို့ပူးပေါင်း၍ ကြားဖြတ်တားဆီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PDF Newsflash
ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် ဆန်တက်လာသော စကစသင်္ဘောအား မဟာမိတ် PDF များမှ ပူးပေါင်းတိုက်ခိုက်ရာ စကစတပ်သား (၃) ဦးပွဲချင်းပြီးသေဆုံး (ရုပ်သံ)
Reviewed by THITHTOOLWIN
on
20:14
Rating:

No comments:
Post a Comment