ဖောင်းပြင် PDF စခန်း မြေပြင်၊ ဝေဟင် စီးနင်းတိုက်ခိုက်ခံရပြီး ရဲမေ သုံးဦး အပါအဝင် ပြည်သူ့ရဲဘော် ခုနှစ်ဦး ကျဆုံး၊


အလောင်း ခုနှစ်လောင်း၊ စခန်းနှင့် လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိလို့ အကြမ်းဖက်စစ်အုပ်စုက သတင်းဖြန့်၊

 မေ- ၂၇

စစ်ကိုင်းတိုင်း အထက်ပိုင်း ဖောင်ပြင်မြို့နယ်က ဒေသကာကွယ်ရေး တပ်ဖွဲ့ (PDF) ရဲ့ စခန်းကို မနေ့က ညနေပိုင်းအချိန် အကြမ်းဖက် စစ်အုပ်စုက အင်အား အများအပြားနှင့် မြေပြင်က ထိုးစစ်ဆင်သလို လေကြောင်း အသုံးပြုပြီးတော့ပါ တိုက်ခိုက်ခဲ့တယ်လို့ ဖောင်းပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဖောင်းပြင် PDF က ဆိုပါတယ်။

“မေ(၂၆)ရက် ညနေပိုင်းက ဖောင်းပြင် PDF စခန်းကို ဝေဟင်ရော မြေပြင်ကပါ သာလွန်အင်အား အများကြီးနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ ဖောင်းပြင်ကို ခဏတာ အသာစီးရပေမဲ့ စစ်ကိုင်းတိုင်းထဲမှာ မင့်တို့ အနာကြီးနာနေတဲ့ နေရာတွေ အများကြီးပါ” လို့ ဖောင်းပြင် PDF က ဆိုပါတယ်။

ဖောင်းပြင် PDF စခန်း မြေပြင်၊ ဝေဟင် စီးနင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ့ရဲမေ သုံးဦး အပါအဝင် ပြည်သူ့ရဲဘော် စုစုပေါင်း ခုနှစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အကျအဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဖောင်းပြင် PDF ကတော့ အတည်ပြုထုတ်ပြန်တာ မရှိသေးပါဘူး။

အကြမ်းဖက် စစ်အုပ်စုက သတင်းလွှင့်ရာမှာ မနေ့က မေ(၂၆)ရက် ညနေ(၃)နာရီမှာ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြိုနယ်၊ ရွှေထီးကုန်းကျေးရွာအနီးက PDF စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ အလောင်း ခုနှစ်လောင်း (အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦး)နှင့်အတူ လက်နက်ခဲယမ်းတွေနှင့် စခန်းတစ်ခု သိမ်းပိုက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖောင်းပြင် PDF စခန်းကနေ လေးယောက်အိပ် မိုးကာတဲ (၁၈)လုံး အပါအဝင် (ဘီအေ-၆၃) တစ်လက်၊ (အမ်အေ-၁၃) တစ်လက်၊ တစ်တောင့်ထိုးစနိုက်ပါ တစ်လက်၊ တူမီး ကိုးလက်၊ ကျည်အိမ်တွေ၊ ကျည်ဆံတွေ၊ ဗုံးသီးတွေ၊ မိုင်းတွေ၊ ယူနီဖောင်းတွေ၊ ဆန်၊ ဆီ၊ ဆေးဝါး၊ ဘက်ထရီ၊ ဆိုလာ စတဲ့ လက်နက်ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းတွေ သိမ်းပိုက် ရရှိခဲ့တယ်လို့ စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူ့ရဲတော်တွေ ကျဆုံးမှုနှင့် ဆုံးရှုံးမှု အခြေအနေတွေကိုတော့ အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။

အကြမ်းဖက် စစ်အုပ်စုဟာ ဖောင်းပြင်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ်တွေကို ဖုန်းနှင့် အင်တာနက်တွေ ဖြတ်တောက်ထားပြီး လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ နေအိမ်မီးရှိုပတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုဟာ ခေတ်မီ ထောက်လှမ်းရေး နည်းပညာတွေ၊ ပျူဒလန်တွေ သုံးကာ ဒေသကာကွယ်ရေး တပ်ဖွဲပတွေရဲ့ စခန်းနေရာတွေကို စုံစမ်းထောက်လှမ်းပြီး လက်နက်အင်အား၊ လူအင်အား အသာစီးနဲ့ စီးနင်းတိုက်ခိုက်တာတွေ လုပ်ဆောင်သလို မြေပြင်တိုက်ပွဲတွေမှာ အနိုင်မရတဲ့အခါ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ သုံးပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကို ချေမှုန်းနော ဖြစ်ပါတယ်။ စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ လူနာတင်ယာဉ်တွေ၊ နာရေးကားတွေ အသုံးပြုပြီး တိုက်ခိုက်တာတွေ ရှိသလို အရပ်သားပြည်သူတွေကို မ်းဆီးကာ အသေခံ လူသားဒိုင်းအဖြစ် အသုံးပြုပြီးတော့လည်း တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

ဖောင်းပြင် PDF စခန်း မြေပြင်၊ ဝေဟင် စီးနင်းတိုက်ခိုက်ခံရပြီး ရဲမေ သုံးဦး အပါအဝင် ပြည်သူ့ရဲဘော် ခုနှစ်ဦး ကျဆုံး၊ ဖောင်းပြင် PDF စခန်း မြေပြင်၊ ဝေဟင် စီးနင်းတိုက်ခိုက်ခံရပြီး ရဲမေ သုံးဦး အပါအဝင် ပြည်သူ့ရဲဘော် ခုနှစ်ဦး ကျဆုံး၊ Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.