မြောင်မြို့နယ်မှာ မီးပတ်ရှို့နေတဲ့ စစ်အုပ်စုကို PDF က မိုင်တဲ အမြောက်နဲ့ ပစ်လိုက်လို့ ၆ဦးသေဆုံးဟုဆို
မြောင်၊ မေ၂၇၊ ၂၀၂၂။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေကို PDF ၆ဖွဲ့ပေါင်းပြီးအမြောက်နဲ့ ပစ်လိုက်တာ စစ်ကောင်စီဘက်က ၆ဦး သေဆုံးခဲ့တယ်လို့ 11Brothers Revolution Force အဖွဲ့ဆီက သိရပါတယ်။
အင်အား ၈၀ကျော် ၉၀ နီးပါးနဲ့ မြောင်မြို့က ထွက်လာတဲ့ စစ်အုပ်စုကို လက်ယက်မနဲ့ အောင်ချမ်းသာရွာ ကြားမှာ ဒီနေ့ မနက် ၉နာရီဝန်းကျင်မှာ အမြောက် ၃လုံးနဲ့ ပစ်ခဲ့လိုက်တာဖြစ်တယ်လို့ 11Brothers Revolution Force ဗိုလ်ရာကျော်က ပြောပါတယ်။
" ကျနော်တို့ Mytel အမြှောက်နဲ့ပစ်လိုက်တာ၊ ၆ ကောင်တော့သေတယ်လို့ မျက်မြင်ပြောပြချက်အရသတင်းရပါတယ်၊ဒဏ်ရာရတာတော့ များတယ်လို့ပြောတယ်၊ အဲဒီစစ်ကြောင်းက မြောင်နယ်ထဲကကျေးရွာတွေကို မီးပတ်ရှို့နေတဲ့စစ်ကြောင်းပါ" လို့ ဗိုလ်ရာကျော်က ပြောပါတယ်။
Burmese Guerrilla Force - BGF (Myingyan)၊ မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုး အထူးပြောက်ကျားအဖွဲ့၊ ဗိုလ်တောက်ထွန်း MBTT၊ 11Brothers Revolution Force၊ Saw Bwar Gyi MPDFတို့ ၆ဖွဲ့က ပူးပေါင်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment