ဒေသခံ PDF တွေပေါင်းတိုက်လို့ စစ်ကောင်စီတွေ စခန်းစွန့်ထွက်ပြေး


ကနီ၊ မေ ၁၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မေလ ၁၅ ရက် ဒီနေ့ညနေ ၃ နာရီလောက်က ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ယာယီအထိုင်ချနေတဲ့ စစ်ကောင်စီတွေ စခန်းကိုစွန့်ကာ ထွက်ပြေးသွားခဲ့ကြပါတယ်။

မှန်ထောင်ဘုရားကုန်းယာယီစခန်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

"အင်အားအတိအကျတော့ မသိရဘူး ၂၅-၃၀ လောက်ရှိမယ်။ အရင်ကနီမြို့နယ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတာ တပ်ကူလှမ်းတောင်းလို့  မဟာမိတ်တပ်ပေါင်းစုနဲ့အတူ သွားပစ်တာ စခန်းခွာပြေးကြတာ စကစ ယာယီစခန်းဗျ။ ခွေးပြေး၊ ဝက်ပြေး ပြေးသွားတာ"လို့ ပူးပေါင်းအဖွဲ့မှာ ပါဝင်တဲ့  DRPA ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးတဲ့ စစ်ကောင်စီစာရင်းကို မသိရှိရသေးပေမယ့် ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မူမှာ ကနီအဖွဲ့နဲ့အတူ DRPA၊ ဘာမထီအဖွဲ့၊ KGF၊ အမေ့သားကျားသုံးဖော်၊ မြို့နယ်ပကဖနဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းခဲ့တာလို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ဒေသခံ PDF တွေပေါင်းတိုက်လို့ စစ်ကောင်စီတွေ စခန်းစွန့်ထွက်ပြေး ဒေသခံ PDF တွေပေါင်းတိုက်လို့ စစ်ကောင်စီတွေ စခန်းစွန့်ထွက်ပြေး Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.