မြင်းခြံ ကွမ်းစိုက်ရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ PDF စစ်အုပ်စုကို ဝင်ပစ်၊ နှစ်ယောက်သေ


မေ - ၂၂ 

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို မနေ့ မေလ (၂၁)ရက်မှာ နွားထိုးကြီး PDF က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

စာသင်ကျောင်းရှေ့ကနေ ဆိုင်ကယ်နဲ့ ဖြတ်သန်းပြီး ပစ်ခတ်ခဲ့တာကြောင်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

“ စခ တစ်ကောင်မှာ ပက်လက်လန်လဲကျ၍ ရာသက်ပန် အိပ်စက်ခိုင်းခဲ့ပါသည်။ စက တစ်ကောင်မှာလည်း လက်နက်ကြီးကျည်ဆန်ကို ပန်းပွင့်ထင်ပြီး ပြေးဖမ်းရာတွင် ပေါက်ကွဲ၍ ငရဲပြည်သို့ စားရိတ်ငြိမ်း ပို့ဆောင်ပေးခဲ့ပါသည် “ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နွားထိုးကြီး PDF ဟာ မေလ (၁၉)ရက်နေ့မှာလည်း မြင်းခြံမြို့ အထက(၂) စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အစောင့်စစ်သားနှစ်ယောက် သေဆုံးခဲ့ပါသေးတယ်။ 

ဒါဟာ နွားထိုးကြီးရွှေလက်ရဲ့ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေ များများသေစေချင်ရင် များများ လှူကြပါလို့လည်း နွားထိုးကြီး PDF က ပြောဆိုထားပါတယ်။ 


Mandalay Free Press - MFP

မြင်းခြံ ကွမ်းစိုက်ရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ PDF စစ်အုပ်စုကို ဝင်ပစ်၊ နှစ်ယောက်သေ မြင်းခြံ ကွမ်းစိုက်ရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ PDF စစ်အုပ်စုကို ဝင်ပစ်၊ နှစ်ယောက်သေ Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.