ဒီးမော့ဆို၊ မေ၁၃၊ ၂၀၂၂။
ကရင်နီပြည်နယ် ဒီးမော့ဆို မြို့နယ်က မြို့မရဲစခန်းကို မေလ ၁၃ရက်ဒီနေ့ နေ့လယ်၁၂ လောက်က ဒီးမော့ဆို PDF အပါအဝင် အနည်းဆုံး PDF ၃ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့လို့ ရဲ ၂ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီမြို့မရဲစခန်းက ပုံမှန်အချိန်တွေမှာ မကြာခဏ ဆိုသလို အပြင်ထွက်လေ့ရှိပေမယ့် ဒီနေ့မှာ အပြင်ထွက်တာမတွေ့လို့ ရဲစခန်းနား ကပ်သွားပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒီးမော့ဆို PDF တာဝန်ခံက ပြောပါတယ်။
" ကျနော်တို့ ရဲစခန်းသွားပြီးချဉ်းကပ်တယ်၊ချဉ်းကပ်တဲ့အအချိန် အပြင်မှာကကင်းထောက် ၂ ယောက်ပဲရှိတယ်၊ကင်းထောက် ၂ ယောက်ကို ကျနော်တို့ပစ်သတ်လိုက်တယ်၊သူတို့ကစခန်းထဲကလက်နက်ကြီးနဲ့ပြန်ပစ်တယ်" လို့ ပြောပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် PDF တွေဘက်က ရဲဘော် ၃ဦး အသေးစားဒဏ်ရာ ရရှိခဲ့တယ်လို့ ဒီးမော့ဆို PDF တာဝန်ခံက ပြောပါတယ်။
" အကြမ်းဖက်စစ်ကောင်စီအအဖွဲ့တွေအပြင်သိပ်မထွက်တော့ဘူး၊စခန်းထဲမှာပဲအထိုင်ချနေတော့တယ်၊ကင်းလှည့်တဲ့အချိန်ပဲအပြင်ထွက်တော့တယ်၊သူတို့ထိုးစစ်မလုပ်တော့ဘူး၊အပြင်ထွက်တဲ့အခါတိုင်းလည်းပြည်သူ့အိမ်တွေမီးရှို့တယ်" လို့ သူက ဆက်ပြောပါတယ်။
ဒီးမော့ဆို မြို့မရဲစခန်းကို ဒီးမော့ဆို(DMO-PDF)ဗျူဟာ (၃) C၊D၊Eတပ်ရင်းတပ်ခွဲအချို့၊ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းတပ်ခွဲ့အချို့နဲ့ ညီနောင်မဟာမိတ် ဖရူဆို PDFတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment