မိုးညှင်းမြို့နယ်အတွင်းက အခွန်ရုံး၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံးတို့မှ ဝန်ထမ်းများ အခွန်ငွေကောက်ခံနေမှုများ ရပ်တန့်ရန် မိုးညှင်းမြို့ PDF သတိ​ပေး


16 May 2022

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ အကျိုးစီးပွားအတွက် အဓိကဝင်ငွေရှာဖွေပေးနေကြသော အခွန်ရုံး၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံးတို့မှ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုအပေါ် အတင်းအကြပ်ဖိအားပေး အခွန်ငွေကောက်ခံနေမှုများ ရပ်တန့်ရန် မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးစာထုတ်ပြန်ခဲ့သည်။

သတိပေးစာကို မိုးညှင်း PDF က မေ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်သည်။ 

“အဓိက ကတော့ Non CDM သမားတွေကနေပြီးတော့ပြည်သူလူထုကို အိမ်တိုင်ရာရောက် အခွန်ဆောင်ခိုင်းတာမျိုးတွေရှိတယ်။ ပြီးတော့ CDM သမားတွေနေရာမှာ ခုနေရာဝင်လုနေကြတဲ့ Non CDM အသစ်တွေလဲရှိလာတယ်။ အဲ့ဒါတွေကို ကျွန်တော်တို့အဖွဲ့အစည်းဘက်က လုံးဝလက်သင့်ခံမှာမဟုတ်ဘူး ဆိုတဲ့သဘောနဲ့ ကျွန်တော်တို့သတိပေးလုပ်ဆောင်ခဲ့တာပါ”ဟု အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

သတိပေးထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိဘဲ ပြည်သူလူထုကို ဆက်လက်ဖိအားပေးမှုများ ပြုလုပ်နေလျှင် ထိရောက်စွာ အရေးယူသွားမည်ဟု မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“အရေးယူမှုတွေတော့မပြုလုပ်သေးပါဘူးခင်ဗျာ။ သတိပေးရုံသက်သက်ပါ။ ကျွန်တော်တို့ဘက်ကနေ ခုလိုစာတွေထုတ်ထားတယ်ဗျာ။ ဒါကိုမှဂရုမစိုက်ပဲ ပြည်သူလူထုတွေကိုဆက်လက်ဖိအားပေးအကြပ်ကိုင်လာရင်တော့ ကျွန်တော်တို့ဘက်ကလည်း ထိထိရောက်ရောက်အရေးယူမှာပါ”ဟု ပြောသည်။

မေလ ၁၄ရက်နေ့တွင် ကချင်ပြည်နယ် ကေအိုင်အို မြစ်ကြီးနားခရိုင်၊ ဟူးကောင်းခရိုင်၊ တနိုင်းခရိုင်နှင့် ရှင်ဗွေယန်ခရိုင်တို့တွင် ကေအိုင်အိုမှလည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများ အမြန်ဆုံးနုတ်ထွက်ကြရန် သတိပေးချက်ထုတ်ပြန်ခဲ့သည်။


Kachinwaves 

မိုးညှင်းမြို့နယ်အတွင်းက အခွန်ရုံး၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံးတို့မှ ဝန်ထမ်းများ အခွန်ငွေကောက်ခံနေမှုများ ရပ်တန့်ရန် မိုးညှင်းမြို့ PDF သတိ​ပေး မိုးညှင်းမြို့နယ်အတွင်းက အခွန်ရုံး၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံးတို့မှ ဝန်ထမ်းများ အခွန်ငွေကောက်ခံနေမှုများ ရပ်တန့်ရန် မိုးညှင်းမြို့ PDF သတိ​ပေး Reviewed by THITHTOOLWIN on 22:09 Rating: 5

No comments:

Powered by Blogger.