မြင်းခြံနယ်ထဲက ခရီးသည်ယာဉ်တစ်စီးမှာ စစ်အုပ်စုဝင်တစ်ဦးရဲ့ သားဖြစ်သူကို တွေ့ခဲ့ရပြီး မသတ်ဘဲ ကျွေးမွေးကာ ခရီးဆက်စေခဲ့ဟု မြေလတ် PDF ထုတ်ပြန်

ဓာတ်ပုံ၊ မြေလတ် PDF 

မေ - ၉ 

မန္တလေးတိုင်း မြင်းခြံခရိုင်ထဲကို ဖြတ်သန်းသွားတဲ့ ခရီးသည်ယာဉ်တစ်စီးပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေထဲမှာ စစ်အုပ်စုဝင် တပ်ကြပ်ကြီးတစ်ဦးရဲ့ သားဖြစ်သူကို တွေ့ရှိခဲ့ရတယ်လို့ မြေလတ် PDF က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ 

ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ ပူတာအိုမြို့က ခလရ(၄၆)မှာ ရှိတဲ့ တပ်ကြပ်ကြီးတစ်ဦးရဲ့ သားဖြစ်သူကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ 

" အသက်၁၈နှစ်မပြည့်ခြင်းနှင့်အနာဂတ်လူငယ် လူမမယ်GZတို့တွက် အာဏာရှင်ဖြုတ်ချရေး လမ်းစဉ်ဖြစ်ခြင်း တို့ကြောင့် လိုအပ်သည်များ (၂) ရက်တာစစ်ဆေးခေါ်ယူကြွေးမွေးခဲ့ပြီး MOD ၏ PDF ကျင့်ဝဋ်နှင့်အညီ လိုရာခရီးဆက်စေခဲ့ပါတယ်။ ရှေ့တန်းမျက်နှာပြင်မှာ တပ်ကြပ်ကြီးသိရှိနိုင်ပါစေ " လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြေလတ် PDF ဟာ မြင်းခြံခရိုင်အတွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။ 


Mandalay Free Press - MFP

မြင်းခြံနယ်ထဲက ခရီးသည်ယာဉ်တစ်စီးမှာ စစ်အုပ်စုဝင်တစ်ဦးရဲ့ သားဖြစ်သူကို တွေ့ခဲ့ရပြီး မသတ်ဘဲ ကျွေးမွေးကာ ခရီးဆက်စေခဲ့ဟု မြေလတ် PDF ထုတ်ပြန် မြင်းခြံနယ်ထဲက ခရီးသည်ယာဉ်တစ်စီးမှာ စစ်အုပ်စုဝင်တစ်ဦးရဲ့ သားဖြစ်သူကို တွေ့ခဲ့ရပြီး မသတ်ဘဲ ကျွေးမွေးကာ ခရီးဆက်စေခဲ့ဟု မြေလတ် PDF ထုတ်ပြန် Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.