ရွှေဘို၊ မေ၁၄၊ ၂၀၂၂။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေဘက်မှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ Black Wolf PDF တို့ ၁၂ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၆ဦးနီးပါး သေဆုံးနိုင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ လာမယ်ဆိုတဲ့ သတင်းရထားလို့ ကြိုတင်ပြင်ဆင်ပြီး မိုင်းထောင်ထားခဲ့တဲ့ နေရာကို ရောက်လာခဲ့လို့ နေ့လယ် ၂နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ Black Wolf PDF ကတာဝန်ခံတဦးက ပြောပါတယ်။
" တဖွဲ့ထဲပဲ ချတာ အစက မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ဖို့ လာခဲ့တာပေါ့၊ အပြန်အလှန်ပစ်တာ တိုက်ပွဲအငယ်စားပေါ့၊ သေတာကို မြင်ရတယ် ဒါပေ့မယ့် ပြန်သယ်သွားတယ်၊ သွေးကွက်တွေတွေ့ခဲ့ရတယ်" လို့ ပြောပါတယ်။
PDF တွေဘက်က အဲ့ဒီနေ့မှာ ကျည်လုံလောက်မှု မရှိတာကြောင့် ထိခိုက်မှုမရှိခင်မှာ တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment