စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်တပ်ဖက်မှ ၅ ဦး သေ


မေလ ၁၄ ရက်၊ ဖယ်ခုံ

ရှမ်း-ကရင်နီနယ်စပ် ရှမ်းတောင် မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်ထဲ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ပါတယ်။

မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ ခမရ(၄၂၂) တပ်ရင်းအနီး ကင်းပုန်းဝပ်နေတဲ့ စစ်တပ်ကို ဒီနေ့မနက်အစောပိုင်းမှာ မိုးဗြဲ PDF (MB-PDF)က ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုအတွင်း မိုးဗြဲ PDF ဘက်မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရ ရဲဘော်တစ်ဦးဟာ စိုးရိမ်ရပေမဲ့ MOBYE PDF Rescue Team (MPRT)က စနစ်တကျ ကုသပေးနေတယ်လို့ ဆိုပါတယ်။

အလားတူ ဒီနေ့မနက် ၆ နာရီက ထိုင်တော်မူဘုရားတောင်မှာ ဖယ်ခုံ PDF (Pekhon-PDF)နဲ့အတူ လွိုင်ကော်၊ ဒီးမော့ဆို PDF (DMO-PDF)၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စနိုက်ပါစစ်ဆင်ရေး တိုက်ပွဲကို ဆင်နွှဲရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။


Shwe Phee Myay News Agency 

စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်တပ်ဖက်မှ ၅ ဦး သေ  စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်တပ်ဖက်မှ ၅ ဦး သေ Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.