စစ်ကောင်စီနဲ့ ပျူတွေတပ်စွဲတဲ့ ရေလယ်ကျွန်းရွာစခန်းကို PDFတွေသိမ်းပြီးစခန်းကိုမီးရိူ့


ကနီ၊ မေ၁၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၄၀ လောက်ရှိတဲ့ စခန်းကို မဟာမိတ်တပ်ပေါင်းစုတွေက မေလ ၁၀ ရက်   ဒီနေ့မှာ စခန်းသိမ်းတိုက်ပွဲဲ ဆင်နွဲနိုင်ခဲ့ကြပါတယ်။

စစ်ကောင်စီတွေ တပ်စွဲထားတဲ့ ပျူစောထီးတွေရဲ့ ရေလယ်ကျွန်းရွာကို   ခု မနက် ၈နာရီလောက်က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

" သူတို့အခြေစိုက်ထားတဲ့ စခန်းတွေကို မီးရိူ့ဖျက်စီးနိုင်ခဲ့တယ်၊ လေယာဥ်ကတော့ ၅ ခါလာသွားတယ် တခါလာရင် စက်လတ်တွေနဲ့ပစ်တယ် ဗုံးလည်း ကျဲတယ် ရဲဘော်တွေ တပ်ဖြန့်ပြီး ပြန်ဆုတ်လာပါတယ် ကျနော်တို့အသာစီးရခဲ့ပါတယ် ခြေမူန်းနိုင်ခဲ့ပါတယ် လေယာဥ်လာတဲ့အချိန်ကလွှဲရင် ရေလယ်ကျွန်းရွာကို ထိန်းချုပ်နိုင်ခဲ့ပါတယ် "လို့  DRPAရဲ့ တာဝန်ရှိသူပြောပါတယ်။

စစ်ကောင်စီဟာ ရေလယ်ကျွန်းရွာကို အထိုင်ချပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို ပစ်ခတ်နေလို့ အဲဒီ ရွာသားတွေကိုလည်း  စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် လိုက်နာမူမရှိလို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေလည်းများနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ  DRPA ၊KPDF 1၊KGL PDF၊ နှလုံးလှလူမိုက်ကြီးများ (မြင်းခြံ)၊KGF၊M&K the boys၊ KCRF၊ Chindwin Dragon၊ ကနီမြို့နယ်အဖွဲ့၊ ကနီပကဖနဲ့ တပ်ပေါင်းစုမဟာမိတ် တို့က ပူးပေါင်းခဲ့တာလို့ သိရပြီး DRPA ရဲဘော် ၁ ဦး ယမ်းစထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

စစ်ကောင်စီနဲ့ ပျူတွေတပ်စွဲတဲ့ ရေလယ်ကျွန်းရွာစခန်းကို PDFတွေသိမ်းပြီးစခန်းကိုမီးရိူ့ စစ်ကောင်စီနဲ့ ပျူတွေတပ်စွဲတဲ့  ရေလယ်ကျွန်းရွာစခန်းကို PDFတွေသိမ်းပြီးစခန်းကိုမီးရိူ့ Reviewed by THITHTOOLWIN on 22:02 Rating: 5

No comments:

Powered by Blogger.