ဆိုင်ကယ်ဖြင့် ကင်းလှည့်​နေ​သော စစ်​ကောင်စီတပ်သားများအား ပဲခူးတိုင်း PDF တိုက်ခိုက်


ဆိုင်ကယ်ဖြင့်ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်း PDFက သတင်းထုတ်ပြန်သည်။

မေလ ၁၅ရက် နေ့လယ် ၃နာရီခွဲခန့်တွင် ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု သဖန်းကုန်း - တာပွန် လမ်းပိုင်း၌ ဆိုင်ကယ်သုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ်(၃၆၀၁)တပ်ခွဲ - ၃က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ၏ ဆိုင်ကယ်အနီးသို့ ရုတ်တရက်ရောက်ရှိလာသော ပြည်သူနှစ်ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သောကြောင့် စိတ်မကောင်းကြောင်း နှင့် အနူးအညွှတ်တောင်းပန်ကြောင်း ပဲခူးတိုင်း PDF က အသိပေးထားသည်။

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် ၊ အုပ်ချုပ်ရေးပစ်မှတ် ၊ စီးပွားရေးပစ်မှတ်များအား ပြင်းထန်စွာတိုက်ခိုက်မည်ဟု သတင်းထုတ်ပြန်ထားပြီး  ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ အဆိုပါ ပစ်မှတ်များနှင့် နီးကပ်စွာသွားလာလှုပ်ရှားနေထိုင်ခြင်းမျိုး မပြုရန် မေတ္တာရပ်ခံထားသည်။


People's Spring 

ဆိုင်ကယ်ဖြင့် ကင်းလှည့်​နေ​သော စစ်​ကောင်စီတပ်သားများအား ပဲခူးတိုင်း PDF တိုက်ခိုက် ဆိုင်ကယ်ဖြင့် ကင်းလှည့်​နေ​သော စစ်​ကောင်စီတပ်သားများအား ပဲခူးတိုင်း PDF တိုက်ခိုက် Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.