ယင်းမာပင်၊ မတ် ၁၆၊၂၀၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွ မေ ၁၅ ရက် မနေ့မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အဲ့ဒီတပ်တွေဟာ ယင်းမာပင်ကနေ မုံရွာဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး၊ သူတို့ကို ယင်းမာပင်မြို့နယ်အတွင်း တနေရာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦးသေဆုံးကာ၊ အများအပြား ဒဏ်ရာရခဲ့တယ်လို့ Brother Defense Force၊က တာဝန်ရှိသူက ပြောပါတယ်။
"မနေ့က မိုင်းဆွဲတာက နေ့လယ် ၁၁ နာရီခွဲလောက်မှာ၊ ကျနော်တို့က မိုင်းဆွဲတော့ မိုင်းထိပြီးကျန်ခဲ့တဲ့စစ်သားတွေက ရွာသာရွာကို မီးရိူ့သွားတာ၊ အဲနေရာကနေ ရမ်းသမ်းပစ်ပြီး ညောင်ပင်ကြီးရွာကနေ မုံရွာဘက်ကို ပြန်သွားတယ်၊ ကိုယ့်ရဲဘော်တွေကတော့ အန္တရာယ်ကင်းပါတယ်။" လို့ သူကပြောပါတယ်။
အဲဒီတိုက်ခိုက်မှာ မဟာမိတ်ညီနောင်အဖွဲ့များ (BDF)၊ညီနောင်တိုက်ခိုက်ရေးအဖွဲ့၊ ဆားလင်းကြီးတကိုယ်တော်သုဘရာဇာနဲ့ မြန်မာတော်ဝန်နဂါးတပ်တော် (MRDA) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်လည်း ရွှေပန်းခိုင်ကျေးရွာစာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော်ကို မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment