မေ ၂၅
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပြည်သူအိမ်များအား မွှေနှောက်ဖျက်စီး၍ ပစ္စည်းများခိုးယူပြန်လာသော အကြမ်းဖက်စကစတပ်အား ယမန်နေ့ နံနက်အစောပိုင်းက ချောင်းဦး PDF နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၃၆) ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ပျူစောထီးရွာမှ အကြမ်းဖက်စကစနှင့် ပျူအင်အား (၅၀) ခန့်အား အမြင့်လမ်းခွဲမှ အနောက်သို့ရိက္ခာအပြည့်စုံဖြင့် ဆင်းလာစဉ် အဆိုပါစစ်ကြောင်းအား PDF ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၉) ဦးသေဆုံးခဲ့ကြောင်း CHU PDF ကထုတ်ပြန်သည်။
ထို့နောက်သေဆုံးအလောင်းများကို ထှော်လာဂျီများဖြင့် သယ်ဆောင်လာပီး အဆိုပါစစ်ကြောင်းမှာ မယ်သဲကြိုးကွင်းရှိ ပျူစောထီးစစ်ကြောင်းနှင့် ပူးပေါင်းလှုပ်ရှားလာရာ CHUPDF နှင့် CDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး (၂၄) ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းမှ (၁၅) ဦးသည် မယ်သဲကြိုးကွင်းမှ ခိုးယူလာသော ပစ္စည်းများကိုသယ်ဆောင်လာ၍ ကင်းမွန်တော်ရွာသို့ ပြန်လည်ဆုတ်ခွာလာရာ CHUPDF မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး (၃) ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါထိတွေ့မှုတိုက်ပွဲများအား ချောင်းဦး ပကဖ၏ အနီးကပ်ဦးဆောင်မှုဖြင့် CHUPDF၊ CDF၊ CMWA များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းပွိုင့် (၁၃) ခုမှ တိုက်ခိုက်ခဲ့ရာ (၃) ခုမှသေဆုံးခြင်းမရှိဘဲ ကျန် (၁၀) မှထိခိုက်မှုကြောင့် စကစတပ်သား (၃၆) ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း CHUPDF ကထုတ်ပြန်သည်။
PDF Newsflash

No comments:
Post a Comment