မြိုင်မြို့နယ်တွင် PDF က မိုင်းဆွဲမှုကြောင့် စကစတပ်သား (၃၀) ကျော်သေဆုံးပြီး အော်ဟစ်ငိုကြွေးကာထွက်ပြေးကြ
မေ ၁၂
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကိုင်းတောမဘက်မှ စစ်ကြောင်းထိုးလာသော ကား၇ စီးနှင့် စကစအင်အား (၁၀၀) ခန့်အား တဲကြီးနှင့် နယ်သတ်ရွာအနီးတွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
" မိုင်းအလုံးရေ ၁၀၀ ခန့် အောင်မြင်စွာ ခွဲနိုင်ခဲ့ပြီး နောက်ဆုံးပွိုင့်တွင် စခအများအပြားသည် ညနေ ၅:၄၀ ခန့်တွင် မိုင်းကွင်းအတွင်း ရပ်နားခဲ့သောကြောင့် အဆိုပါ မိုင်းကွင်းအတွင်းရှိ အထူးပြုလုပ်ထားသောမိုင်းဖြင့် တိုက်ခဲ့ပါသည် " ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် " စခ အယောက် ၃၀ ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရှိကာအော်ဟစ်ငိုကြွေးလျက် ဘေးဝန်းကျင်အား ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ့ဘက်တော်သားများ ဘေးကင်းခဲ့ပါသည် " ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။
ထိာ့နောက် စကစတပ်များသည် ဖောကားဖြင့် အလောင်းကောက်ကာ သွေးကွက်များဆေးကြောလျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ မိဘပြည်သူများအနေဖြင့် သတင်းများကို နားထောင်နားစွင့်လျက် အကြမ်းဖက်စကစတပ်များနှင့် ဝေးရာ ရှောင်တိမ်းကြပါရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်သည်။
PDF Newsflash

No comments:
Post a Comment