ကသာမြို့နယ်PDF စခန်းသို့ တပ်မ ၈၈ နှင့် စကခ ၃ မှ စစ်ကောင်စီတပ်သား ၅ ဦး အလင်းဝင်


မေလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင်းသို့၊ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး မေလ ၁၆ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ကသာ PDF သို့အလင်းဝင်ရောက်လာ ကြောင်း အဆိုပါ အဖွဲ့ထံကသိရသည်။

အဆိုပါစစ်ကောင်စီတပ်သားများမှာ မကွေးမြို့အ ခြေစိုက် တပ်မ ၈၈လက်အောက်ခံ မကွေးတိုင်း၊ စလေမြို့အခြေစိုက် ခမရ ၄၁၆ တပ်ရင်း မှ ၄ ဦး၊ ကချင်ပြည်နယ်၊မိုးကောင်းမြို့အခြေပြု စကခ- ၃ လက်အောက်ခံ နမ္မားရွာအခြေစိုက် ခမရ ၃၈၅ မှ တပ်သား ၁ ဦးတို့ဖြစ် ကြောင်း သိရသည်။

"သူတို့ဆိုင်ကယ်ယူပီး  ထွက်ပြေးလာကြတာ။ ဆိုင်ကယ်မှောက်လို့ခြေထောက်လက်ထောက်တွေလည်း ဒဏ်ရာတွေနဲ့ အခုထွက်ပြေးလာတဲ့ တပ်သားတွေအားလုံး စစ် တပ်ထဲမှာ ၂ နှစ်ပဲတာဝန်ထမ်းဆောင်ရသေးတယ်"ဟု ကသာ PDF တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများကို လုံခြုံစိတ်ချရသည့်နေရာသို့ပို့ဆောင်ထားကာ ၄င်းတို့ဆန္ဒအတိုင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကသာ PDFကဆိုသည်။

"ထွက်ပြေးအလင်းဝင်တဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို လုံခြုံစိတ်ချရသည့်နေရာပို့ထားတယ် သူတို့စိတ်တိုင်းကျ ပြည်သူနဲ့အတူပူးပေါင်းတိုက်ပွဲဝင်မလား ဒါမှမဟုတ် သူတို့နေရပ်ပြန်မလား စိတ်ကြိုက်ရွေးချယ်ထားခိုင်းပီး သူတို့စိတ်တိုင်းကြ လုပ်ပေးမှာပါ" ဟု ၎င်းကဆက်လက်ဆိုသည်။

စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် စစ်တပ်အ တွင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့်စစ် ကောင်စီတပ်သားအချို့ ထွက်ပြေးလွတ်မြောက်ရန်ရုန်းထွက်နေကြောင်းကို အဆိုပါ ထွက်ပြေးလွတ် မြောက်လာသည့်စစ်သား ၅ ဦးကပြောဆိုထားကြောင်း ကသာPDF တပ်ဖွဲ့ဝင်တဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွင်းမှ CDM ပြုလုပ်သူများအပါအဝင် အကြောင်းအမျိုးမျိုးဖြင့်စွန့်ခွာထွက်ပြေးလာသူ ၁ သောင်းဝန်းကျင်ရှိပြီဖြစ်ကြောင်း NUG အစိုးရဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဧပြီလ တတိ ယပတ်အတွင်းက ၄င်း၏မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုထား​ကြောင်းသိရသည်။


Ayeyarwaddy Times 

ကသာမြို့နယ်PDF စခန်းသို့ တပ်မ ၈၈ နှင့် စကခ ၃ မှ စစ်ကောင်စီတပ်သား ၅ ဦး အလင်းဝင် ကသာမြို့နယ်PDF စခန်းသို့ တပ်မ ၈၈ နှင့် စကခ ၃ မှ စစ်ကောင်စီတပ်သား ၅ ဦး အလင်းဝင် Reviewed by THITHTOOLWIN on 05:38 Rating: 5

No comments:

Powered by Blogger.