ဘက်ရဲမြို့ ကြို့ပင်စုကျေးရွာက တောင်သူ ၃ ဦးကို PDF ထောက်ပံ့တယ်လို့ စစ်ကောင်စီတပ်များ စွပ်စွဲဖမ်းဆီး


ကြံခင်း၊ မေလ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်၊ ဘက်ရဲတိုက်နယ်၊ ကြို့ပင်စုကျေးရွာက ဒေသခံ လယ်လုပ်တောင်သူ ၃ ဦးကို PDFကိုထောက်ပံတယ်လို့ စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့၀င်များကဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

" မေလ၁၆ရက်နေ့ကနေ ၁၈ရက်နေ့ထိ တစ်ရက်တစ်ယောက်နူန်းလာဖမ်းတာ ရဲနဲ့စစ်သားအလုံးအရင်းနဲ့နိုင်ငံရေးဘာမှန်းမသိတဲ့အသက်၅၀နီးပါးတောင်သူတွေပဲသူတို့ပြောသလိုPDFထောက်ပံဖို့မပြောနဲ့ လယ်လုပ်ပြီး ကြွေးမကြေလို့ဒုက္ခရောက်နေသူတွေချည်းပဲအဖမ်းခံရတာ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးမှာ ကြို့ပင်စုကျေးရွာသား ဦးရဲထွန်းမင်း၊ ဦးစိုးဦး၊ဦးငလှတို့ဖြစ်ကြပြီး ၎င်းတို့မှာ စစ်အာဏာရှင်ဆန့ကျင်ရေးဆန္ဒပြပွဲများတွင်တောင်လိုက်ပါခြင်းမရှိခဲ့သူတွေလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ ၎င်းတို့၃ဦးကို ကြံခင်းမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့သိရပြီး မိသားစု၀င်တွေနဲ့ တွေ့ခွင့်မရသေးတာကြောင့် ၎င်းတို့ရဲ့မိသားစု၀င်တွေက စိုးရိမ်နေကြပါတယ်။


Ayeyarwaddy Times 

ဘက်ရဲမြို့ ကြို့ပင်စုကျေးရွာက တောင်သူ ၃ ဦးကို PDF ထောက်ပံ့တယ်လို့ စစ်ကောင်စီတပ်များ စွပ်စွဲဖမ်းဆီး ဘက်ရဲမြို့ ကြို့ပင်စုကျေးရွာက တောင်သူ ၃ ဦးကို PDF ထောက်ပံ့တယ်လို့ စစ်ကောင်စီတပ်များ စွပ်စွဲဖမ်းဆီး Reviewed by THITHTOOLWIN on 21:06 Rating: 5

No comments:

Powered by Blogger.