စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား PDF တွေတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က သေဆုံးသူရှိဟု ထုတ်ပြန်


18 May 2022

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ထန်းတောကုန်းသို့ မေလ ၁၇ရက်နေ့ နံနက်တွင် လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ရွှေဘိုပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများလည်းရှိကြောင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။ 

ထိုစစ်ကောင်စီတပ်များသည် အင်အား ၆၀ ကျော်ခန့်ဖြင့် နောင်ကြီးအိုင်ကျေးရွာမှ စစ်ကြောင်းထိုးလာရာတွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသည့် စစ်ကောင်စီစစ်သားများကို နာရေးကားများဖြင့် ခေါ်ဆောင်သွားကြောင်း ရေးထားသည်။ 

၎င်းစစ်ကောင်စီတပ်များသည် အရာတော်မြို့နယ် နောင်ကြီးအိုင်ရွာတွင် အထိုင်စခန်းချနေသူများဖြစ်ကြောင်းသိရသည်။


Kachinwaves 

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား PDF တွေတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က သေဆုံးသူရှိဟု ထုတ်ပြန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား PDF တွေတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က သေဆုံးသူရှိဟု ထုတ်ပြန် Reviewed by THITHTOOLWIN on 18:06 Rating: 5

No comments:

Powered by Blogger.