PDF တွေဆုတ်ပစ် ပစ်ရင်း ထောင်ခဲ့တဲ့မိုင်း ၉လုံးမိပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေ


ကနီ ၊ မေ ၁၇ ၊၂၀၂၂။

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီကို မေလ၁၇ ရက် ဒီနေ့ မနက် ၉ နာရီလောက်က ဒေသခံ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်လို့ စစ်ကောင်စီ ၁၀ တက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ပျူစောထီးတွေ စခန်းချတဲ့ ကနီမြို့ကနေ အလယ်ကျွန်းရွာကို ရိက္ခာပို့ရန် အသွားမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"သတင်းရလို့ စောင့်တိုက်တာမှာ နှစ်ဖက်ပစ်ခတ်ခဲ့ပါတယ် ကြာချိန်  မိနစ် ၂၀ လောက်မှာ ကျနော်တို့ ဆုတ်ပစ်ပစ်ရင်း မိုင်း ၉ လုံးထောင်ခဲ့ပါတယ် သူတို့ကရှေ့တက်လာတဲ့အခါ အချိန်ကိုက်ခွဲခဲ့ပြီး သေတဲ့ စကစ ၁၀ ဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ မသိရသေးဘူး"လို့ DRPAရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲခု တိုက်ခိုက်မူမှာ  DRPAနဲ့အတူ KGFအဖွဲ့အပြင် နယ်မြေခံ ပကဖတွေ ပူးပေါင်းခဲ့ကြပြီး အန္တရာယ်ကင်းစွာ ဆုတ်ခွာခဲ့သလို မေလ၁၅ ရက်နေ့ ကနီနယ်ထဲက စစ်ကောင်စီတွေ အကျအဆုံးများစွာနဲ့ ထွက်ပြေးခဲ့တဲ့ မှန်ထောင်ဘုရားကုန်းတိုက်ပွဲမှာလည်း အဲဒီနှစ်ဖွဲ့ဟာ မဟာမိတ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပါသေးတယ်။


မြေလတ်အသံ - Myaelatt Athan 

PDF တွေဆုတ်ပစ် ပစ်ရင်း ထောင်ခဲ့တဲ့မိုင်း ၉လုံးမိပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေ PDF တွေဆုတ်ပစ် ပစ်ရင်း ထောင်ခဲ့တဲ့မိုင်း ၉လုံးမိပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေ Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.