စနိုက်ပါစစ်ဆင်ရေးပြုလုပ်ခဲ့ရာ စစ်သား၂ဦးသေဆုံးဟု ဖယ်ခုံPDF ထုတ်ပြန်


မေ ၁၄ ၊ ၂၀၂၂ ။

ယနေ့ မေလ ၁၄ ရက်၊ နံနက် ၆ နာရီ အချိန်တွင် ထိုင်တော်မူဘုရားတောင်၌ စနိုက်ပါစစ်ဆင်ရေးဆင်နွှဲခဲ့သည်ဟု ဖယ်ခုံPDFက ထုတ်ပြန်ထားသည်။ 

အဆိုပါစစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ် - ဖယ်ခုံ (PDF – Pekhon) နှင့်အတူ ညီနောင်များဖြစ်ကြသော ပြည်သူ့ကာကွယ်ရေးတပ် - လွိုင်ကော် (PDF – LK)၊ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO – PDF)၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ 

ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စစ်တပ်ဖွဲ့မှ ၂ ဦးသေဆုံးပြီး တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်ဆုတ်ခွာနိုင်ခဲ့သည်။ 

အဆိုပါ တိုက်ခိုက်မှု အပြီးတွင် အကြမ်းဖက်စစ်ကောင်စစ်တပ်ဖွဲ့မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖယ်ခုံPDF ကထုတ်ပြန်ထားသည်။


သံလွင်ခက် - Than Lwin Khet News

စနိုက်ပါစစ်ဆင်ရေးပြုလုပ်ခဲ့ရာ စစ်သား၂ဦးသေဆုံးဟု ဖယ်ခုံPDF ထုတ်ပြန် စနိုက်ပါစစ်ဆင်ရေးပြုလုပ်ခဲ့ရာ စစ်သား၂ဦးသေဆုံးဟု ဖယ်ခုံPDF ထုတ်ပြန် Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.