ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာအကြား ပဲခူး PDF ၏ ကြားဖြတ်တိုက်မှုကြောင့် အာဏာသိမ်းစစ်အုပ်စုတပ်သား (၃)ဦး သေသွား


ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်၊ ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာကြားတွင် အင်အား ၃၀ ဝန်းကျင်ပါ အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့ မေလ(၁၃)ရက်၊ မနက်ပိုင်းက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃)ဦးသေကြောင်း ပဲခူး PDF က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းအား ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  သာယာဝတီခရိုင် PDF တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၂ နှင့် တပ် ခွဲ ၃ တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦး သေပြီး ဒဏ်ရာအချို့ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

မေလ(၁၂)ရက်နေ့ကလည်း နတ်တလင်းမြို့နယ်၊ ဂွေ့ကြီးကျေးရွာနှင့် ဘိုကြီးကျေးရွာစခန်းကြားတွင် စစ်ကောင်စီတပ်အင်အား ၁၂ ဦးပါ စစ်ကြောင်းကို PDF တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ တို့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေကြောင်း သိရသည်။


Tachileik News Agency 

ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာအကြား ပဲခူး PDF ၏ ကြားဖြတ်တိုက်မှုကြောင့် အာဏာသိမ်းစစ်အုပ်စုတပ်သား (၃)ဦး သေသွား ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာအကြား ပဲခူး PDF ၏  ကြားဖြတ်တိုက်မှုကြောင့် အာဏာသိမ်းစစ်အုပ်စုတပ်သား (၃)ဦး သေသွား Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.