ကချင်ဘက်တက်လာသည့် စစ်​ကောင်စီ ယာဥ်တန်းကို အင်း​တော် PDF မိုင်းဖြင့်တိုက်ခိုက်၊ စစ်​ကောင်စီဘက်က ​​သေဆုံးသူရှိဟုဆို


10 May 2022

ယနေ့နံနက် မိုင်းဖြင့်  တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်များ နန့်စီးအောင် အနီးရှိ စာသင်ကျောင်းတွင် ဒဏ်ရာရသူများကို ဆေးကုသနေပြီး အလောင်းများကိုလည်း သယ်ယူနေကြောင်း အင်းတော်PDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

 ကချင်ပြည်နယ်သို့ တက်လာသည့်  စစ်ကောင်စီ စစ်ယာဥ်တန်း ၈စီးကို ယနေ့နံနက် ၅နာရီခန့်တွင် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် အင်းတော်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့မှ မိုင်းဆွဲ တိုက်ခဲ့ပြီး စစ်​ကောင်စီ ကားတစ်စီးပျက်စီးကာ ​သေဆုံးဒဏ်ရာရသူများလည်း ရှိ​ကြောင်းလည်း ပြောသည်။

အထိအခိုက်အကျအဆုံး အတိအကျကို မသိရသေးကြောင်းလည်း ဆိုသည်။

" တိုက်ပွဲတော့မဖြစ်ဘူး ကျွန်တော်တို့ မိုင်းဆွဲခဲ့တာ  သူတို့က ရိက္ခာတင်ယာဉ်တန်းမဟုတ်ဘူး ကချင်ဘက်ကို အင်အား ဖြည့်တဲ့သဘောရှိတယ်"ဟု အင်းတော် PDFတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ဧပြီလ ၃၀ရက်နေ့ကလည်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်တို့နှင့် အင်းတော်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။


Kachinwaves 

ကချင်ဘက်တက်လာသည့် စစ်​ကောင်စီ ယာဥ်တန်းကို အင်း​တော် PDF မိုင်းဖြင့်တိုက်ခိုက်၊ စစ်​ကောင်စီဘက်က ​​သေဆုံးသူရှိဟုဆို ကချင်ဘက်တက်လာသည့် စစ်​ကောင်စီ ယာဥ်တန်းကို အင်း​တော် PDF မိုင်းဖြင့်တိုက်ခိုက်၊ စစ်​ကောင်စီဘက်က ​​သေဆုံးသူရှိဟုဆို Reviewed by THITHTOOLWIN on 21:58 Rating: 5

No comments:

Powered by Blogger.