ရှမ်းတောင် PDF ၅ ဖွဲ့က NUG ၏ တရားဝင်တပ်ရင်းတစ်ခုအဖြစ် တာဝန်ထမ်းဆောင်မည်


မဲခေါင်၊ မေ ၁၄

ရှမ်းတောင်တော်လှန်ရေးအင်အားစု ၅ ဖွဲ့က အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)စစ်ဒေသ ၃ ၏ တရားဝင်တပ်ရင်းတစ်ခုအနေဖြင့် တာဝန်ထမ်းဆောင်ခွင့်ရပြီဖြစ်ကြောင်း Tai PDF Shan State က ယနေ့၌ ထုတ်ပြန်အသိပေးထားသည်။

ရှမ်းတောင်အခြေစိုက် SSRY Eagel Force၊ Dragon Force၊ Tai PDF Cobra Force၊ Dove Guerrilla Force၊ Southern Shan Irine Force တို့သည် ယခင်လမှစတင်၍ ရှမ်းတောင်တော်‌လှန်ရေးလူငယ်များအဖွဲ့(SSRY)တပ်ရင်း၏ စုစည်းတည်ထောင်ထားပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုအခါ NUG ၏ တရားဝင်တပ်ရင်းတစ်ခုအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရပြီဖြစ်၍ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ၎င်းတို့နှင့် ရည်ရွယ်ချက်တူသော မည်သည့်အဖွဲ့အစည်းများနှင့်အဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း SSRY က အသိပေးထားသည်။

ထို့ကြောင့် ယခင်သုံးစွဲခဲ့သော SSRY Eagel Force လူမှုကွန်ယက်စာမျက်နှာ၊ Tai PDF Cobra Force လူမှုကွန်ယက်စာမျက်နှာအား တပ်ရင်း ၁၀၀၈ ၏ တပ်ခွဲများအဖြစ် အမည်ပြောင်းလဲသုံးစွဲသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်၌ ပါရှိသည်။

ယင်းတပ်ရင်း၏ တော်လှန်ရေးနှင့်သက်ဆိုင်သော ကိစ္စရပ်များ၊ တရားဝင်အသိပေးကြေညာချက်များကိုမူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ ၃၊ တပ်ရင်း ၁၀၀၈အဖြစ် လူမှုကွန်ယက်စာမျက်နှာအသစ်ဖွင့်ပြီး ပြည်သူများထံအသိပေးတင်ပြသွားမည်ဖြစ်ကြောင်း SSRY က ထုတ်ပြန်ထားခြင်းဖြစ်သည်။


MeKong News - မဲခေါင်သတင်း

ရှမ်းတောင် PDF ၅ ဖွဲ့က NUG ၏ တရားဝင်တပ်ရင်းတစ်ခုအဖြစ် တာဝန်ထမ်းဆောင်မည် ရှမ်းတောင် PDF ၅ ဖွဲ့က NUG ၏ တရားဝင်တပ်ရင်းတစ်ခုအဖြစ် တာဝန်ထမ်းဆောင်မည် Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.