ချင်းပြည်နယ်အတွင်း စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေးယန္တရားမှာပါဝင်ဆောင်ရွက်နေတဲ့ Non -CDM ဝန် ထမ်းတွေကိုအရေးယူမယ်လို့ CJDC ထုတ်ပြန်


မေလ ၂၉ ရက်

ချင်းပြည်နယ်အတွင်း စစ်ကျွန်ပညာရေးနဲ့စစ်အုပ်ချုပ်ရေးယန္တရားမှာပါဝင်ဆောင်ရွက်နေတဲ့ စစ်ကောင်စီလက် အောက်ခံဝန်ထမ်းတွေကို အရေးယူဆောင်ရွက်မယ်လို့ ချင်းပြည်နယ်ပူးတွဲကာကွယ်ရေးကော်မတီ-CJDCက  ဒီကနေ့မှာ  ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဇွန်လအတွင်း​ ပြန်လည်ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေပြီး အဆိုပါလုပ် ဆောင်ချက်သည် စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်သည်ဟု နိုင်ငံတကာအား ပြသရန်နှင့် တရားဝင်မှုရရှိနိုင်ရန် ကြိုး စားမှုသာဖြစ်ကြောင်း CJDCက ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားကို လည် ပတ်နိုင်ရေး ပါဝင်ကူညီဆောင်ရွက်နေသည့် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းတွေကို အရေးယူဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်တဝှမ်း စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုမရှိစေရေးအတွက် တားဆီးတွန်းလှန်ကြရန်နှင့် ချင်းပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များက ဖွင့်လှစ်သည့် ကျောင်းများတွင်သာ ကျောင်းအပ်နှံကြရန်တိုက်တွန်းထားသည်။


Ayeyarwaddy Times 

ချင်းပြည်နယ်အတွင်း စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေးယန္တရားမှာပါဝင်ဆောင်ရွက်နေတဲ့ Non -CDM ဝန် ထမ်းတွေကိုအရေးယူမယ်လို့ CJDC ထုတ်ပြန် ချင်းပြည်နယ်အတွင်း စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေးယန္တရားမှာပါဝင်ဆောင်ရွက်နေတဲ့ Non -CDM ဝန် ထမ်းတွေကိုအရေးယူမယ်လို့ CJDC ထုတ်ပြန် Reviewed by THITHTOOLWIN on 22:01 Rating: 5

No comments:

Powered by Blogger.