ရေစကြိုမြို့နယ်တွင် MG6 ပြောက်ကျားတပ်ဖွဲ့၏ စနိုင်ပါလက်ချက်ကြောင့် စကစတပ်သား (၃) ဦးသေဆုံး၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ
မေ ၁၉
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စကစတပ်များအား မေလ ၁၀ ရက်နေ့မှစ၍ ၁၄ ရက်နေ့ထိ MG6 ပြောက်ကျားတပ် - မြင်းခြံခရိုင် အမှတ်၅ တပ်ရင်းနှင့် ဒေသခံကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လေးရက်တာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေးရက်တာတိုက်ပွဲတွင် " MG6 ပြောက်ကျားတပ်မှ စနိုက်ပါကျည်ထိမှန်ပြီး စကစတပ်သား (၃) ဦး ငရဲးပို့ဆောင်ခဲ့သည့်အပြင် ထိပ်တိုက်တိုက်ပွဲးအတွင်း စကစဘက်မှထိခိုက် ကျဆုံးမှု့များစွာရှိခဲ့သည် " ဟု MG6 ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။
လေးရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ G3 သေနတ်(၁)လက် ၊ 94 သေနတ်(၂)လက် ၊ရဲ uniform (၁)စုံ၊ အီကွေးမန့်(၁)စုံ၊ 94ကျည်ဘောက်(၇)ဘောက်၊ 9mm ကျည်(၅၂)တောင့်၊ G3ကျည်(၂၃)တောင့်၊ လက်ပစ်ဗုံးသီး (၁) လုံးနှင့် အခြားအသုံးဆောင်ပစ္စည်းတချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
PDF Newsflash

No comments:
Post a Comment