ဘီးလင်းမြို့နယ်၌နယ်ကျွံလာသောစစ်ကောင်စီတပ်ကို KNLAနှင့်PDFတို့ပူးပေါင်းတိုက်ခိုက်


မေ ၁၇၊ ၂၀၂၂။ 

ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင်နယ်ကျွံလာသောစစ်ကောင်စီတပ်အား KNLAနှင့်PDFပူးပေါင်းအဖွဲ့တို့မှသွားရောက်တိုက်ခိုက်ခဲ့သည်ဟု သထုံPTDFကသတင်းထုတ်ပြန်ထားသည်။ 

ယနေ့မေလ ၁၇ရက်နံနက်၆နာရီမှ၁၀နာရီခွဲအချိန်ထိ ဘီးလင်းမြို့နယ်၊ဒေါက်ရပ်ကျေးရွာအနီးတွင်နယ်ကျွံလာသောစစ်ကောင်စီတပ်အား KNLAတပ်မဟာ(၁) တပ်ရင်း(၂)၊ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)တို့ပူးပေါင်း၍သွားရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှု၌အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု TPDFကဖော်ပြထားသည်။ 

ပြည်သူ့တော်လှန်ရေးပူးပေါင်းအဖွဲ့မှလည်း တိုင်းပြည်အတွက် ရဲဘော်၂ ဦးအသက်ပေးခဲ့ရပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TPDFကထုတ်ပြန်ထားသည်။


သံလွင်ခက် - Than Lwin Khet New

ဘီးလင်းမြို့နယ်၌နယ်ကျွံလာသောစစ်ကောင်စီတပ်ကို KNLAနှင့်PDFတို့ပူးပေါင်းတိုက်ခိုက် ဘီးလင်းမြို့နယ်၌နယ်ကျွံလာသောစစ်ကောင်စီတပ်ကို KNLAနှင့်PDFတို့ပူးပေါင်းတိုက်ခိုက် Reviewed by THITHTOOLWIN on 23:28 Rating: 5

No comments:

Powered by Blogger.