ကျိုက်ထိုမြို့နယ်အတွင်း အင်္ဂဘိုကျေးရွာအနီး အာဏာသိမ်းစစ်ကောင်စီတပ် စစ်ယာဉ်တန်းကို KNLA နှင့် ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်

ပုံအဟောင်းဖြစ်ပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်္ဂဘိုကျေးရွာအနီး၌ အာဏာသိမ်း စစ်ကောင်စီယာဉ်တန်းကို ယနေ့မေလ(၂၁)ရက်နေ့ နေ့လည်ပိုင်းက KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ကားတစ်စီးလမ်းဘေးထိုးကျကာ အများအပြားသေဆုံး ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။

"ဝေါကနေ ကျိုက်ထိုကိုလာတဲ့ အစီး(၃၀)ပါ ယာဉ်တန်းမှာ နောက်ဆုံး(၂)စီးက ‌နှေးနှေးလေးမောင်းလာချိန် ပစ်တာ။ တစ်စီးက လမ်း ဘေး‌ထိုးကျသွားတယ်။ ထိုးကျသွားတဲ့ယာဉ်က ခဲယမ်းတင်လာတဲ့ယာဉ်။"ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို မောင်းနှင်လာသည့် စစ်ယာဉ်တန်းကို KNLA တပ်မဟာ(၁)နှင့် ပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် မိနစ်(၂၀)ခန့်ကြာခဲ့ပြီး ပစ်ခတ်မှုအပြီး စစ်‌ကောင်စီတပ်များဘက်က တပ်ကူရောက်လာခဲ့သော်လည်း KNLA နှင့် ပူးပေါင်းတပ်ဖွဲဘက်မှ ထိခိုက်ကျဆုံးမရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။


Tachileik News Agency 

ကျိုက်ထိုမြို့နယ်အတွင်း အင်္ဂဘိုကျေးရွာအနီး အာဏာသိမ်းစစ်ကောင်စီတပ် စစ်ယာဉ်တန်းကို KNLA နှင့် ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက် ကျိုက်ထိုမြို့နယ်အတွင်း အင်္ဂဘိုကျေးရွာအနီး အာဏာသိမ်းစစ်ကောင်စီတပ် စစ်ယာဉ်တန်းကို KNLA နှင့် ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 20:25 Rating: 5

No comments:

Powered by Blogger.