စစ်ကောင်စီတပ်စခန်း ၃ ခုကို KNDO တပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်


ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို ကရင်အမျိုးသားကာကွယ်ရေးတပ်ရင်း(KNDO)တပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်က ဖော်ပြထားပါတယ်။ 

တပ်မဟာ ၂ နယ်မြေ ထန်းတပင်မြို့နယ် KNDO တပ်ရင်း(၄) နယ်မြေအတွင်းမှာ အခြေချထားတဲ့ စစ်ကောင်စီရဲ့ သေအေ့ထားစခန်း၊ ကိုဒေးစခန်းနဲ့ ဘောဂလိမြို့တပ်စခန်းတွေကို မေလ ၄ ရက်ကနေ ၁၈ ရက်နေ့အထိ KNDO တပ်သားတွေက စနိုက်ပါနဲ့ ခြောက်ကြိမ်သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်မှာ ပါရှိတာပါ။ 

သေအေ့ထာစခန်းမှာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ကိုဒေးစခန်းနဲ့ ဘောဂလိမြို့တပ်စခန်းမှာ စစ်ကောင်စီတပ်သားတစ်ဦးစီ သေဆုံးသွားခဲ့ကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ 

KNDO တပ်ရင်း(၄)နယ်မြေအတွင်းမှာ ဆယ်စုနှစ်ချီအခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ပတ်သက်ပြီး ထွက်ခွာပေးဖို့ နယ်မြေခံ KNU တပ်က စာထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက လိုက်နာမှုမရှိတဲ့အပြင် တပ်အင်အားကိုပါ ထပ်မံတိုးချဲ့ထားတယ်လို့ သိရပါသေးတယ်။ 

ဒါ့အပြင် KNLA တပ်ရင်း ၅ တပ်ရင်း ၆ နယ်မြေထဲမှာလည်း စစ်ကောင်စီတပ်က အင်အားထပ်မံတိုးချဲ့လာနေပြီး PDF တွေရှိတယ်လို့ ယူဆရတဲ့ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေစစ်ဆေးတာ၊ စစ်ကြောင်းထိုးလာတာတွေ ပြုလုပ်နေတယ်လို့ တောအူးကရင်သတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်


People's Spring 

စစ်ကောင်စီတပ်စခန်း ၃ ခုကို KNDO တပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက် စစ်ကောင်စီတပ်စခန်း ၃ ခုကို KNDO တပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 18:46 Rating: 5

No comments:

Powered by Blogger.