မိုးဗြဲရှိ စစ်ကောင်စီစခန်းကို KNDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေး

Photo Credit - KNDF - BO3

ဖယ်ခုံ - မေ ၂၅၊ ၂၀၂၂။ 

KNDF ပူးပေါင်းအဖွဲ့ မှ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့၊ ဆီးမီးလော့ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ နံနက်ပိုင်းက တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာသွားကြောင်း KNDF တပ်ရင်း ၃ မှ သတင်းထုတ်ပြန်လိုက်သည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စခန်းကို ဆုတ်သွားခဲ့သောကြောင့် KNDF ပူးပေါင်းအဖွဲ့က စခန်းတွင် ထောင်ထားခဲ့သည့် မြေမြှပ်မိုင်းများကို ရှင်းလင်းနေစဉ် မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

KNDF ၏ သတင်းထုတ်ပြန်ချက်တွင် အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပါ။ 

တိုက်ပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များရရှိရန် The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

KNDF ၏ သတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်နှင့် ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း‌ဒေသတွင်  ဖြစ်ပွားခဲ့သော ၁၀ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။ 

KNDF တပ်ရင်း ၃ မှ ရဲဘော်တစ်ဦး၊ ၁၀၀၈ ခြေမြန်တပ်ရင်းမှ ရဲဘော် ၁ ဦး၊ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ မှ ရဲဘော်နှစ်ဦး စုစုပေါင်း တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။ 

မေ ၁၅ ရက်နေ့မှ ယမန်နေ့အထိ ၁၀ ရက်ကြာ တိုက်ပွဲကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃၊ တပ်ရင်း ၂၊ နှင့် တပ်ရင်း ၁၁ နှင့်အတူ ကရင်နီတပ်မတော် KA၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ်ရင်း ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


The 74 Media 

မိုးဗြဲရှိ စစ်ကောင်စီစခန်းကို KNDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေး မိုးဗြဲရှိ စစ်ကောင်စီစခန်းကို KNDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေး Reviewed by THITHTOOLWIN on 23:47 Rating: 5

No comments:

Powered by Blogger.