KNDF နှင့် KA တို့၏ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစကား (၃) စီးပျက်စီး၊ လက်နက်ခဲယမ်းများ စစ်ကောင်စီထပ်မံအလှုပေး
မေ ၁၂
ကရင်နီပြည်နယ်တစ်နေရာ၌ ပြီးခဲ့သည့် မေလ ၇ ရက်နေ့က KNDF B-16 နှင့် KA တို့ ပူးပေါင်းပြီး စကစယာဥ်တန်းအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် စကစဘက်မှ ကား (၃) စီးပျက်စီးသွားပြီး အကျအဆုံးများလည်းရှိကာ ပျက်စီးသွားကားအား KNDF နှင့် KA ပူးပေါင်းတပ်မှ မီးရှို့ဖျက်စီးလိုက်ကြောင်း KNDF B-16 ကထုတ်ပြန်သည်။
ထို့ပြင် " စကစတပ်မှ လာလှူသွားသောပစ္စည်းတစ်ချို့ကိုလည်းရရှိခဲ့ပြီး မိမိတို့ဘက်မှ အထိအခိုက်မရှိခဲ့ပါ " ဟု KNDF B-16 က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်တကွ ဖော်ပြထားသည်။
PDF Newsflash
KNDF နှင့် KA တို့၏ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစကား (၃) စီးပျက်စီး၊ လက်နက်ခဲယမ်းများ စစ်ကောင်စီထပ်မံအလှုပေး
Reviewed by THITHTOOLWIN
on
21:39
Rating:

No comments:
Post a Comment