ဟူးကောင်းခရိုင်အတွင်းရှိ မြို့နယ်/ကျေးလက်ဒေသအားလုံးတွင် စကစ လက်အောက်ခံ ဌာနအသီးသီးမှ အမှုထမ်းများအား နှုတ်ထွက်ရန် KIO စာထုတ်
မေ၊၁၄
ကချင်ပြည်နယ်၊ ဟူးကောင်းခရိုင် အတွင်းရှိ မြို့နယ်၊ ကျေးလက်ဒေသ အားလုံးတွင် စစ်ကောင်စီ၏ လက်အောက်ခံ ဝန်ကြီးဌာန အသီးသီး၌ တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများအားလုံး တာဝန်များမှ နှုတ်ထွက်ကြရန် ခရိုင်အုပ်ချုပ်ရေးရုံး၊ ဟူးကောင်းခရိုင် အနောက်ပိုင်းတိုင်း ကေအိုင်အိုမှ ယနေ့ရက်စွဲဖြင့် သတိပေး ထုတ်ပြန်လိုက်သည်။
စစ်ကောင်၏ လက်အောက်ခံ ဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေကသော အမှုထမ်း၊ အရာထမ်းများအားလုံး မိမိဆန္ဒဖြင့် လက်ရှိထမ်းဆောင်နေသည့် တာဝန်များမှ နှုတ်ထွက် ရပ်နားသွားရန် အလေးအနက် တိုက်တွန်းလိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မိမိဆန္ဒဖြင့် တာဝန်မှ နှုတ်ထွက် ရပ်နားခြင်း မရှိဘဲ စစ်ကောင်စီလက်အောက် ဆက်လက် အမှုထမ်းနေပါက ဖြစ်ပေါ်လာမည့် ပြဿနာ အကျိုးဆက်များ အားလုံးသည် မိမိ၏ တာဝန်သာ ဖြစ်ကြောင်း သတိပေးထားသည်။
Myitkyina News Journal
ဟူးကောင်းခရိုင်အတွင်းရှိ မြို့နယ်/ကျေးလက်ဒေသအားလုံးတွင် စကစ လက်အောက်ခံ ဌာနအသီးသီးမှ အမှုထမ်းများအား နှုတ်ထွက်ရန် KIO စာထုတ်
Reviewed by THITHTOOLWIN
on
21:39
Rating:

No comments:
Post a Comment